တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ငပုတောမြို့နယ် ချောင်းဝကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ငပုတောမြို့နယ် ချောင်းဝကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်


Ministry of Information/ Naypyitaw / November 23, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့်ပတ်ဝန်း ကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ချောင်းဝကျေးရွာသို့ ရောက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ နယ်လှည့်ဆေးကုသ ရေးအဖွဲ့သည် ငပုတောမြို့နယ် ချောင်းဝကျေးရွာ ကျောင်းသစ်ကျောင်း ဘုန်းကြီးကျောင်း၌အခြေပြု၍ ချောင်းဝကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၄၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၄၂ ဦး၊ ခွဲစိတ်ရောဂါ ၇၅ ဦး၊ သားဖွား မီးယပ်ရောဂါ ၁၅ ဦး၊ ကလေးရောဂါ ၂၅ ဦး၊ အရိုးရောဂါ ၇၁ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၁ ဦး၊ မျက်စိရောဂါ ၁၀၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၉၀ တို့ကို လိုအပ်သည့် ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးသည်။ ယင်းတို့အနက် အထွေထွေခွဲစိတ် လူနာ ၁၀ ဦး၊ ဓာတ်မှန်ရိုက်လူနာ ရှစ်ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၆ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၃၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၈ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အပြင် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများက ငပုတောမြို့နယ် ငါးပြေမ(အထက်စု) ကျေးရွာနေ ဦးကြည်နိုင်ဦး၏ ဇနီး ဒေါ်တင်တင် မော်၏ ကိုယ်ဝန်ကို မွန်းလွဲ ၃ နာရီ ၄၈ မိနစ်တွင် ၇ ပေါင် ၂ အောင်စရှိ သမီးရတနာကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။

၎င်းကလေးငယ်အတွက် တာဝန်ရှိသူများက ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း တတိယအကြိမ်မွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်ပင်လယ် သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ (၁၈) ကြိမ်မြောက်အထိ ကိုယ်ဝန်ဆောင် မိခင် ၂၂ ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ယခု(၁၉)ကြိမ် မြောက်တွင် ၂၃ ဦးမြောက်၊ ၂၄ ဦး မြောက်နှင့် ၂၅ ဦးမြောက် ကိုယ်ဝန်ဆောင်မိခင်ကို အောင်မြင်စွာ မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဆေးဝါးလာရောက် ကုသမှုခံယူကြသည့် ဒေသခံပြည်သူများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ကြားသိခဲ့ရသည် -

၁။      ဒီမှာ အခုလာပြတာသွားရယ် ၊ နှလုံးသွေးကြောကျဉ်း တာရယ်လာပြတာပါ။ အရင်လည်း ဒီလိုပြဖူးပါတယ်။ ဒီဆရာတွေနဲ့ပဲ ECG ဆွဲဖူးပါတယ်။ ECG ဆွဲပြီးသွားလို့ရှိရင် သူကလိုအပ် တာလေးတွေကို ဆေးလည်းပေး တယ်၊ လိုအပ်တာလေးတွေကိုလည်း ညွှန်ကြားပေးပါတယ်။ ဒီတစ်ခေါက်က သွားအဓိကပေါ့၊ ဒါပေမယ့် နှလုံးကလည်းပြန်ပြန် အောင့်တဲ့အတွက် အဲဒါလာပြတာပါ။ ကျောင်းတစ်ဖက်နဲ့ဆိုတော့ အခုဒီလိုမျိုးလာပြီးတော့ ကုသပေးတဲ့အချိန်နဲ့ တိုက်ဆိုင်တော့ ကျေးဇူးတင်ပါတယ်။ ဒါကြောင့်မို့လည်း လှိုက်လှိုက်လှဲလှဲကြိုဆိုတာ၊ ကျွန်မတို့ အထက်တန်းကျောင်း ကလေးတွေက အကလေးတွေနဲ့လည်း ကြိုဆိုကြပါတယ်။ ဆရာမတွေလည်း ပန်းစည်း ကမ်းပြီးတော့ ကြိုဆိုကြတယ်။ ကလေးအားလုံးလည်း ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ ပါဝင်ကြပါတယ်။

၂။ မနှစ်တုန်းက ဒီသင်္ဘောပေါ်မှာ ကျောမှာ အဆီအကျိတ် ပေါ်လို့ခွဲတာလည်း ဒီကဆရာဝန်၊ ဆရာကြီးတွေ၊ ကျန်တဲ့လူတွေအားလုံးက ကောင်းကောင်းမွန်မွန်နဲ့ ပြုစုစောင့်ရှောက်ပေးလို့ ကျန်းကျန်းမာမာနဲ့ဆက်ပြီး အလုပ်လုပ်နိုင်ပါတယ်။ ကျန်တဲ့သူတွေလည်း ဒီအဖွဲ့တွေနဲ့ လာရောက် ကုသဖို့အတွက် အားလုံးကိုလည်း ဖိတ်ခေါ်ပါတယ်။

၃။ ကလေးနဲ့မိခင်ရဲ့ ကျန်းမာရေးလည်း ကောင်းပါတယ်။ ကလေးလေးလည်း ကျန်းမာရေးကောင်းပါတယ်။ ဒီမှာလာလုပ်ပေးတဲ့ ဆရာတွေ၊ ဆရာမတွေ၊ ဗိုလ်ကြီးတွေ အထူးပဲကျေးဇူးတင်ပြီး ရောဂါခပ်သိမ်းဆင်းရဲခြင်းအပေါင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။