တရားမဝင် စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ သိမ်းဆည်းရမိ

တရားမဝင် စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ သိမ်းဆည်းရမိ


Ministry of Information/ Naypyitaw / June 30, 2024
image_latest


နေပြည်တော် ဇွန် ၂၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ ဇွန် ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် စက်မှုဇုန် (၂) မြတောင်ဝန်ကြီးဦးမှိုလမ်း အမှတ် (၂၃၁/ခ) ရှိ ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Ultra Mild Cream Natural Moisturizer အစိုဓာတ်ထိန်းဆေး ကီလိုဂရမ် ၆၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သိမ်းဆည်းရမိ

ထို့ပြင် ဇွန် ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lactasoy ပဲနို့ဘူး ၁၂၀၀၀၊ မီးသွေးအိတ် ၁၃၅ အိတ်အပါအဝင် ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၇၉၄၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hyudai County Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၇၉၄၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဇွန် ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး) ပူးပေါင်းစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၇၈၂ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၂၄၂၈၀) နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၀၂၄၂၈၀ ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇွန် ၂၈ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ လှိုင်းဘွဲ-ဘားအံကားလမ်း ထီးဖိုးကလုံးကျေးရွာအနီး၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထွက် ငါးမြစ်ချင်းပိဿာ ၅၀၀၊ အသားတု မျိုးစုံ ကီလိုဂရမ် ၅၀ ပါ ၅၉ အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၄၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor တစ်စီးနှင့် Nissan Caravan တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၅၄၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇွန် ၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ကောင်းမှုတော်လမ်းဆုံအနီး၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကြွေပန်းကန်ပြား ဖာ၄၃၀၊ ပန်းကန်လုံးဖာ ၁၁၀၊ သံချောင်း အရှည် ၁၂၂ ချောင်း၊ ဖုန်စုပ်စက် အလုံး ၃၉၀ အပါအဝင် ကုန်ပစ္စည်း ၆၅ မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇၇၅၅၄၁၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၃၂၂၉၁၂၃၈၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 30, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၂၉ ရက်၊ စနေနေ့။


Posted on Jun 29, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၂၈ ရက်၊ သောကြာနေ့။


Posted on Jun 28, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၂၇ ရက်၊ ကြာသပတေးနေ့။


Posted on Jun 27, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 26, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၂၅ ရက်၊ အင်္ဂါနေ့။


Posted on Jun 25, 2024
AnnouncementsExplore more >

မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်ရေးနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများသည် ဘဏ်လုပ်ငန်းများကို မှီခိုအသုံးပြုနေရ၍ နိုင်ငံတကာအဖွဲ့အစည်းများမှ အပြုသဘောဖြင့်...

Posted on Jun 29, 2024

၁။ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ လယ်ယာထွက်ကုန် ပြည်ပတင်ပို့သည့်လုပ်ငန်းများ၊ လယ်ယာထွက်ကုန်များကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အဓိကလုပ်ကိုင်ဆောင်ရွက်နေကာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးတို့ကို တစ်ထောင့်တစ်နေရာမှ အကျိုးပြုနေပါသည်။ တောင်သူလယ်သမားများနှင့် ပုဂ္ဂလိကလယ်ယာစီးပွားရေးလုပ်ငန်းများအားလုံးသည် ဘဏ်လုပ်ငန်းများ၏ လယ်ယာသားငါး ထုတ်လုပ်ရေးအတွက် ချေးငွေများ၊ ကျေးလက်ဖွံ့ဖြိုးရေးချေးငွေများ၊ အသေးစားချေးငွေများအပါအဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ရယူ၍ လုပ်ငန်းများကို ဆောင်ရွက်နေရခြင်းဖြစ်ပါသည်။

တင်ဒါအောင်မြင်ကြောင်းကြေငြာခြင်း

Posted on Jun 28, 2024

မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် လိုအပ်သည့် ရုံးသုံးစက်ကိရိယာပစ္စည်း (၇) မျိုးဝယ်ယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီက ၁၂-၆-၂ဝ၂၄ ရက်နေ့တွင် ဈေးနှုန်းစိစစ်ရေးအစည်းအဝေးကျင်းပခဲ့ပြီး ဌာနမှလိုအပ်သည့် စံချိန်စံညွှန်းကိုက်ညီပြီး ဈေးအနည်းဆုံးတင်သွင်းသည့် အောက်ဖော်ပြပါကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည်။

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Jun 28, 2024

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း