တရားမဝင် မီးသွေး၊ သစ်မျိုးစုံ၊ လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်မီးသွေးများ တင်ဆောင်သည့် မော်တော်ယာဉ်ဖမ်းဆီးရမိ

တရားမဝင် မီးသွေး၊ သစ်မျိုးစုံ၊ လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်မီးသွေးများ တင်ဆောင်သည့် မော်တော်ယာဉ်ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / December 21, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့က ဒီဇင်ဘာ ၅ ရက်တွင် စစ်ကိုင်းမြို့နယ် ရတနာပုံတံတားပူးပေါင်းစစ်ဆေး ရေးဂိတ်၌ တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် မုံအိုးရှစ်လုံးအပါအဝင် ဆက်စပ်ပစ္စည်းသုံးမျိုးစုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၄၀၀၀၀) ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က ဒီဇင်ဘာ ၅ ရက်တွင် ဥသျှစ်ပင်မြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က နိုဝင်ဘာ ၂၇ ရက်တွင် တိုက်ကြီးမြို့နယ် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၇၂၀ တန်၊ အခြားသစ် ၀ ဒသမ ၅၀၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၀၂၀၄၈) နှင့် အဆိုပါသစ်များ တင်ဆောင်ထားသည့် လိုင်စင်ရှိ Toyota Probox တစ်စီး၊ Toyota Townace တစ်စီး၊ Hyundai Porter II တစ်စီး၊ လိုင်စင်မဲ့ Toyota Voxy တစ်စီး၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၈၄၀၂၀၄၈ ကို လည်းကောင်း။

အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ဒီဇင်ဘာ ၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည် ခုနစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းအမျိုး ၃၀၊ လုပ်ငန်းသုံးပစ္စည်း ၁၀ မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၃၉၀၃၈၀ ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်၊ ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁၁၃၂၄၂၈)ကို ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် နေပြည်တော် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၃ ရက်တွင် ဥတ္တရသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့အတွင်း၌ တရားမဝင် အခြားသစ် ၉ ဒသမ ၀၀၉ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၅၁၅၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၅ ရက်၊ ၆ ရက် နှင့် ၇ ရက်တို့တွင် စစ်ကိုင်းမြို့နယ် ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်း ခုနစ်မျိုး၊ လူသုံးကုန်ပစ္စည်း သုံးမျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၉၁၀၀၀၀) နှင့် ရွှေဘိုမြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၃၀၀၀၀၀၀)တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဟုမ္မလင်း မြို့နယ်လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် ရွှေဖြူ (၈၉) ကျပ်သား (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၅၈၀၀၀၀၀) ကို မြန်မာ့သတ္တုတွင်း ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၂၇၁၀၀၀၀ ကို ဖမ်းဆီးအရေးယူဆောင် ရွက်လျက်ရှိသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ကျောက်တံခါးမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့အတွင်း၌ တရားမဝင်အခြားသစ် ၃ ဒသမ ၃၄၆ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၃၃၇၆ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၄ ရက်တွင် သရက်မြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော် ဆိုင်ကယ်နှစ်စီးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၆၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၄ ရက်တွင် ပုသိမ်ကြီး မြို့နယ်ရွေစာရံကျေးရွာ၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားမဝင်မီးသွေး ၄၅ ပေါင်ဝင် ၄၆ အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၃၃၄)နှင့် အဆိုပါမီးသွေးများ တင်ဆောင်လာသည့် Hyundai Porter II တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၁၅၃၃၃၄ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်လေးဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်းခုနစ်မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၄၅၇၁၈၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်၊ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၇)မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၅၀၈၃၇၁၂)ကို ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၈ ရက်တွင် စစ်ကိုင်းမြို့နယ် ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင် စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း ၁၁ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၁၉၇၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း၊ တရားမဝင်ဆေးဝါး ၃၁ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၅၀၀၀၀)ကို အမျိုးသားဆေးဝါးဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၂၇၆၄၇၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၇ ရက်တွင် မင်းဘူးမြို့နယ် ရွှေရောင်တော်ကျေးရွာအနီး၌ လိုင်စင်မဲ့မော်တော် ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၈ ရက်တွင် ဘီးလင်းမြို့နယ်နှင့်ကျိုက်ထို မြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်သုံးစီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၄ ရက်၊ ၆ ရက် နှင့် ၇ ရက်တို့တွင် ကမာရွတ်ခရိုင်၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ မရမ်းကုန်းခရိုင်၊ မင်္ဂလာဒုံခရိုင်၊ သင်္ဃန်းကျွန်းခရိုင်၊ သန်လျင်ခရိုင်၊ အလုံခရိုင်နှင့် အင်းစိန်ခရိုင်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် ၁၄ စီးနှင့် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်အစီး ၃၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၄ ရက်တွင် ဟင်္သာတမြို့နယ်အတွင်း၌ တရားမဝင်သစ်မာ ၀ ဒသမ ၂၉၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၆၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ ဒီဇင်ဘာ ၇ ရက်တွင် လပွတ္တာမြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော် ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၆၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်နှစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၈ မျိုး၊ လျှပ်စစ်ပစ္စည်းတစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၉၈၄၂၉၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်၊ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၅၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၆၆၂၅၉၀၀) ကို ဖမ်းဆီးရမိခဲ့သည်။

တရားမဝင်တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံး နစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင်ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။