တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / September 03, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၂

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၈ ရက် တွင် ကယားပြည်နယ်တရားမဝင်ကုန်သွယ်မှ တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀ ကိုလည်းကောင်း)၊ လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဩဂုတ် ၂၉ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့ သာယာကုန်းကျေးရွာ ယာဉ်ရပ်နားဝင်းအနီး၌ မော်တော်ယာဉ်ခြောက်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၂ မျိုး၊ လူသုံးကုန်ပစ္စည်းခုနစ်မျိုး၊ စားသောက်ကုန်ပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၁၂၅၂၃၄၆)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Canter Truck တစ်စီး၊ Hino Profia Truck တစ်စီး၊ Dong Feng Tractor Head သုံးစီး၊ Mitsubishi Fuso Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်လေးတွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ဘားအံမြို့နယ် ခရဲကမ်းနားကျေးရွာအနီး၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄၂၄၃၀၄၀)ကိုလည်း‌ကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၅၄၉၅၃၈၆ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဩဂုတ် ၂၇ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြို့သစ်မြို့နယ်နှင့် ငဖဲမြို့နယ်တို့၌ တရားမဝင်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းလေးလုံးနှင့် ငွေစက္ကူရောရာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၆၆၀၀၀)ကို လောင်းကစားဥပဒေအရလည်းကောင်း၊ ဆင်ပေါင်ဝဲမြို့နယ်နှင့် မင်းဘူးမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်‌တော်ဆိုင်ကယ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၆၆၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဩဂုတ် ၂၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဟင်္သာတမြို့နယ်နှင့် ဓနုဖြူမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်သုံးစီးစုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် ဩဂုတ် ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၈ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၃၃၆၁၃၈၆)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်းမျှတစွာ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါသဖြင့် တရားမဝင်ကုန်သွယ်မှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။


Posted on Sep 05, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Sep 04, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 03, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Posted on Sep 02, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Posted on Sep 01, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 31, 2025
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Sep 4, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Sep 5, 2025

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးသုံး/ လုပ်ငန်းသုံးပရိဘောဂပစ္စည်း (၂၉) မျိုးမှ ပစ္စည်း (၂၃)မျိုးအား ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၄-၈-၂ဝ၂၅) ရက် နံနက် (၁ဝ : ဝဝ) နာရီတွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၁၂/၂ဝ၂၅) ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည်-

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)

Posted on Sep 5, 2025

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)

HOT NEWS
January 4,