တရားမဝင် သစ်မျိုးစုံ၊ တရားမဝင် သစ်ခွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် တရားမဝင် စက်သုံးဆီများ ဖမ်းဆီးရမိ

တရားမဝင် သစ်မျိုးစုံ၊ တရားမဝင် သစ်ခွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် တရားမဝင် စက်သုံးဆီများ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / February 17, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၀ ရက် နှင့် ၁၂ ရက်တို့တွင် ပဲခူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၇ ဒသမ ၃၈၂ တန်၊ သစ်မာ ၂ ဒသမ ၁၄၅ တန်၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉၁၈၅၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၅ ရက် နှင့် ၈ ရက်တို့တွင် ချမ်းမြသာစည်မြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၁၀ ဒသမ ၀၀၈ တန်၊ သစ်မာ ၀ ဒသမ ၄၀၄ တန်၊ အခြားသစ် ၁၇ ဒသမ ၆၅၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၅၃၆၆၄၀) နှင့် တရားမဝင် သစ်ခွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၁၀ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၁၀၀၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ အမရပူရမြို့နယ်၊ ရတနာပုံတံတား (နှာပေါက်) စစ်ဆေးရေး ဂိတ်၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ၁၅၉ ဂါလန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၀၂၁၂၈) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၁၆၃၈၇၆၈ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်၊ ၈ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ကိုးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၅၅၇၃၂၈) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်ပို့/တင်သွင်းမှုများကြောင့် သွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ယင်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း