တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများအား Facebook Page များနှင့် အင်တာနက်စာမျက်နှာများမှ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းဆောင်ရွက်သူများအား ထပ်မံအရေးယူဆောင်ရွက်ခြင်း

တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများအား Facebook Page များနှင့် အင်တာနက်စာမျက်နှာများမှ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းဆောင်ရွက်သူများအား ထပ်မံအရေးယူဆောင်ရွက်ခြင်း


Ministry of Information/ Naypyitaw / May 28, 2024
image_latest


၁။ အောက်ဖော်ပြပါ Facebook Page များနှင့် အင်တာနက်စာမျက်နှာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသော နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိကိုင်ဆောင်ထားခြင်းမရှိဘဲ နိုင်ငံခြားငွေများအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဆိုပါအဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်ရောင်းဝယ်နေသူများအား အရေးယူဆောင်ရွက်ပြီးဖြစ်သည့်အပြင် ပြည်ပမှ အဝယ်/အရောင်းဆောင်ရွက်နေသည့် Page များ၊ ဖုန်းနံပါတ်များကို သက်ဆိုင်ရာဗဟိုဘဏ်များသို့ အကြောင်းကြား၍ အရေးယူဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိပါသည်။

(က) ငွေဈေးနှုန်းနှင့်ငွေလွှဲဆိုင်

(ခ) Moe Latt

(ဂ) Si Thu & bro များ

(ဃ) ရန်ကုန်ငွေဈေး

(င) ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange

(စ) ဒေါ်လာရောင်းဝယ်

(ဆ) December Snow

(ဇ) June Lin Htet Naing

(ဈ) Htet Yan Money Exchange

(ည) Global Value Services-GVS Money Exchange and Transfer

(ဋ) Boss Online Money Exchange Services (Family Money Exchange)

(ဌ) Lucky Sky Gold Smith (Facebook Page)

(ဍ) Nay Myo Htet (Facebook Page)

(ဎ) Gold Market Myanmar (Facebook Page)

(ဏ) Ye Mon

(တ) Naing Lu

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့သော အဖွဲ့အစည်းများအား ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဖမ်းဆီးဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍လည်း စောင့်ကြည့်အရေးယူသွားမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းများကိုလည်း ပြည်သူလူထု သိရှိရန် ကြေညာထုတ်ပြန်လျက်ရှိပါသည်။

၃။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် တရားဝင်လိုင်စင်ထုတ်ပေးထားပြီး နိုင်ငံခြားငွေများ လဲလှယ်ရောင်းချခွင့်ရှိသည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၌သာ လဲလှယ်ရောင်းချဝယ်ယူ သွားရန် ထပ်မံ အသိပေးအပ်ပါသည်။

၄။ အထက်ဖော်ပြပါ Facebook Page များနှင့် အင်တာနက်စာမျက်နှာများတွင် တရားမဝင်နိုင်ငံခြားငွေများရောင်းဝယ်၍ ငွေဈေးကစားနေသူများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ နှင့် ၄၂ တို့အပြင် အများပြည်သူအကျိုးကို ထိခိုက်စေသည့်အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မများဖြင့်ပါ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Posted on Feb 05, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။


Posted on Feb 04, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


Posted on Feb 03, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။


Posted on Feb 02, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။


Posted on Feb 01, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။


Posted on Jan 31, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Feb 4, 2025

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း

Posted on Feb 4, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အသိပေးကြော်ငြာခြင်း

Posted on Feb 4, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အသိပေးကြော်ငြာခြင်း