တရုတ်နိုင်ငံ ကွမ်ရှီးရုပ်သံ ရိုက်ကူးရေးအဖွဲ့ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာ
တရုတ်နိုင်ငံ ကွမ်ရှီးရုပ်သံ ရိုက်ကူးရေးအဖွဲ့ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 21, 2025

နေပြည်တော် ဩဂုတ် ၂၀
“ပွင့်လန်းသာယာ လန်ချန်း - မဲခေါင်ဂေဟာ” ရုပ်သံမှတ်တမ်း အစီအစဉ်ရိုက်ကူးရေး ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံ နန်နင်းမြို့ ကွမ်ရှီးအသံလွှင့်နှင့် ရုပ်မြင်သံကြားဌာနမှ ညွှန်ကြားရေးမှူး မစ္စတာ Yang Chun ဦးဆောင်သည့်အဖွဲ့သည် ရိုက်ကူးရေးလုပ်ငန်းများပြီးစီးသဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာသွားသည်။
အဆိုပါအဖွဲ့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပူးပေါင်းပြီး ဩဂုတ် ၁၂ ရက်မှ ၁၅ ရက်ထိ နေပြည်တော်ရှိ အောင်သာကျေးရွာတွင် သောက်ရေသန့် ရရှိရေးဆောင်ရွက်မှု၊ သစ်တောသုတေသနဌာန (ရေဆင်း) တွင် သုတေသနဆောင်ရွက်မှုနှင့် အမျိုးသားပရဆေးဥယျာဉ် (နေပြည်တော်) ရှိ ဆေးဖက်ဝင်ပရဆေးပျိုးဥယျာဉ်တွင် ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း၊ ဩဂုတ် ၁၆ ရက်မှ ၁၉ ရက်အထိ ပဲခူးမြို့နယ် ရွာသစ်ကျေးရွာရှိ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရန်ကုန်မြို့တွင်းရှုခင်းများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနဌာနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် ၂၀၂၀ ပြည့်နှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအရ အစားအစာတီထွင်ဆန်းသစ်မှုနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်မှု၊ Solar Energy Exhibition Center၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန အမျိုးသားဓာတ်ခွဲခန်းတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကုန်ကြမ်းကုန်ချောများ အရည်အသွေးဓာတ်ခွဲတိုင်းတာ ဆောင်ရွက်မှုနှင့် အသီးအနှံအခြောက်ခံစက်ကြီးများဖြင့် မြင်းခွာရွက်အား အခြောက်ခံပြီး အမှုန့်ကြိတ်လုပ်ဆောင်မှုတို့ကိုလည်းကောင်း ရုပ်သံမှတ်တမ်းရိုက်ကူးခဲ့ကြသည်။
“ပွင့်လန်းသာယာ လန်ချန်း-မဲခေါင်ဂေဟာ” ရုပ်သံမှတ်တမ်းအစီအစဉ်တွင် လန်ချန်း-မဲခေါင် ဒေသနိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းများအား စုစည်း၍ တည်းဖြတ်ပြီးပါက သက်ဆိုင်ရာနိုင်ငံများရှိ ရုပ်သံလိုင်းများ၌ ထုတ်လွှင့်ပြသနိုင်ရန် ဖြန့်ဝေပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက် ၊ သြဂုတ် ၂၁ ရက်၊ ကြာသပတေးနေ့။
Posted on Aug 21, 2025
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက် ၊ သြဂုတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Aug 20, 2025
ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း
Posted on Aug 23, 2025၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ပြည်ပရောက်မဲဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) များ ထုတ်ယူပေးပို့နိုင်မည့်နေ့ရက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၂၁ - ၈ - ၂၀၂၅ ရက်စွဲပါ ကြေညာချက်အမှတ် (၆၂/၂၀၂၅ ) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။