တရုတ်-အာဆီယံ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

တရုတ်-အာဆီယံ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်


Ministry of Information/ Naypyitaw / November 25, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့ရှိ China-ASEAN Legal Research Center ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၁ ရက်၌ ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် တရုတ်-အာဆီယံ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ (China-ASEAN Legal Cooperation Forum) သို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီတွင် Chongqing Yuzhou Hotel ရှိ Changjiang Hall ၌ ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဌာနကြီးအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူး၊ တရုတ်နိုင်ငံ ဥပဒေရေးရာ အဖွဲ့အစည်း၏အတွင်းရေးမှူး Mr. Chen Wenqing၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဌာနကြီးအဖွဲ့ဝင်၊ ချုံချင့်မြို့ မြူနီစပယ်ကော်မတီ၏ အတွင်းရေးမှူး Mr. Yuan Jiajun၊ အာဆီယံနိုင်ငံများမှ ဥပဒေနှင့်တရားရေးရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးချုပ်များ၊ တရားသူကြီးချုပ်များ၊ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံအနောက်တောင်ပိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခများနှင့် ကျောင်းသား ကျောင်းသူများ၊ တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာမှ အထွေထွေအတွင်းရေးမှူးချုပ် Professor Zhang Xiao Jun နှင့် အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံမှ ဥပဒေပညာရှင်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာပူးပေါင်း ဆောင်ရွက်မှုအဖြစ် ဥပဒေသုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် နှစ်နိုင်ငံအကြား လက်တွဲညီညီ အကောင်အထည်ဖော်လျက်ရှိပြီး နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရာတွင် အောင်မြင်မှုများရရှိခဲ့ကြောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာနအနေဖြင့် အာဆီယံနိုင်ငံများနှင့်လည်း ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိကြောင်း၊ တရုတ်-အာဆီယံ ဥပဒေရေးရာသုတေသနစင်တာနှင့် ဥပဒေရေးရာဝန်ကြီး ဌာနတို့အကြား နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများဖြင့် ချစ်ကြည်ရင်းနှီးမှုအဓွန့်ရှည်စွာ တည်ဆောက်ပြီး ဥပဒေရေးရာဆန်းစစ်မှု၊ ပြန်လည်သုံးသပ်မှု၊ လက်တွေ့အကောင်အထည်ဖော်မှုများ၊ ပညာတော်သင်များစေလွှတ်မှု၊ ဥပဒေရေးရာ သင်တန်းများပို့ချမှုတို့ကို နားလည်မှုစာချွန်လွှာနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် China Law Society မှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Yin Baohu ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး တရုတ်-အာဆီယံ ဥပဒေရေးရာသုတေသနစင်တာနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။