တာချီလိတ်မြို့၌ ငွေကျပ်သိန်း ၄၈၀၀ နှင့် လားရှိုးမြို့၌ ငွေကျပ် ၂၇၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
တာချီလိတ်မြို့၌ ငွေကျပ်သိန်း ၄၈၀၀ နှင့် လားရှိုးမြို့၌ ငွေကျပ် ၂၇၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / June 13, 2025

နေပြည်တော် ဇွန် ၁၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၀ ရက်နံနက်ပိုင်းက တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု ဆွတ်ဆိုင်ကျေးရွာအနီး ဦးထွန်းအောင်တံတားတွင် သတင်းအရစောင့်ဆိုင်းနေစဉ် အိုက်ရှဲန်ဖူးမောင်းနှင်လာသော TOYOTA CROWN မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ အိုက်စ် (မက်သ်အဖက်တမင်း) ၆၀ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၈၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၄၈၀၀)ဖမ်းဆီးရမိသဖြင့် အိုက်ရှဲန်ဖူး(၃၈)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားသည်။
အလားတူ လားရှိုးမြို့ ရပ်ကွက် (၃) နယ်မြေ(၁၀) ကြာနီလမ်းပေါ်တွင် တွေ့ရှိသူ သိန်းစိုးအောင်(ခ)အားဝေအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁၅၀)ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရ စိတ် ကြွရူးသွပ်ဆေးပြားများရောင်းချပေးသူ လားရှိုးမြို့ ရပ်ကွက်(၇) နယ်မြေ(၂၀) ခိုင်ရွှေဝါလမ်းနေ လောဝ်ဝူ(ခ)လီမင်ချိန်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၈၀၀ (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၁၀၄ သိန်း)နှင့် ပလတ်စတစ်ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၁၀ ဂရမ်(တစ်ဂရမ်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၂ သိန်း) ဖမ်းဆီးရမိသဖြင့် သိန်းစိုးအောင် (ခ)အားဝေ (၂၉)နှစ်နှင့် လောဝ်ဝူ(ခ)လီမင်ချိန် (၃၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Posted on Jun 14, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Posted on Jun 13, 2025ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ သာမန်အသုံး စရိတ်ဖြင့် စက္ကူနှင့်ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၁၁-၆-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည် -
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Posted on Jun 13, 2025