တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ဆရာတော်ထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ဆက်ကပ်လှူဒါန်း

တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ဆရာတော်ထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ဆက်ကပ်လှူဒါန်း


Ministry of Information/ Naypyitaw / January 25, 2026
image_latest


ရန်ကုန် ဇန်နဝါရီ ၂၄

(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ (၁၈)ပါးမြောက် ဘွဲ့တံဆိပ်တော်မြတ် ရရှိတော်မူသည့် ဘဒ္ဒန္တဝိစိတ္တသာရ ဆရာတော်ထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာဆက်ကပ် လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိပိဋကမဟာ ဂန္ထဝင်နိကာယ် ကျောင်းတိုက်၌ကျင်းပရာအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင်ပါရှိသည့် ယခုနှစ် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ၂၁-၁၂-၂၀၂၅ ရက်နေ့မှ ၂၂-၁-၂၀၂၆ ရက်နေ့အထိ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူ သိမ်တော် ကြီးတွင် ကျင်းပနေကြောင်းကို သိရှိရပါကြောင်း။

တပည့်တော်အနေဖြင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံးရက်အရှည်ဆုံးကျင်းပသည့် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ကြီးတွင် တိပိဋကဓရ ဘွဲ့ တံဆိပ်တော်ရ၊ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များ ပေါ်ထွန်းစေချင်သည့် ဆန္ဒရှိပါကြောင်း။

ထို့ကြောင့်ပင် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဆရာတော်ကြီးများ အပြီးသတ်ဆုံးဖြတ်၍ ထုတ်ပြန်လာမည့် အောင်စာရင်း စောင့်မျှော်နေခဲ့ရာ ဆရာတော်သည် ယခုနှစ် (၇၈)ကြိမ် မြောက် ကျင်းပသော စာမေးပွဲကြီး တွင် အဘိဓမ္ဓာ(နောက်ပိုင်း) ယမကနှင့် ပဋ္ဌာနဟူသော ခက်ခဲနက်နဲလှသည့် ကျမ်းနှစ်ဆူ၏ ခဲရာခဲဆစ် သဘောအဓိပ္ပာယ်များ ကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်၊ အရိုးဝါ ကနက္ကဒဏ်ထီးဖြူတော် (၃)လက်အမှတ်တံဆိပ်ပါ သာသနာ့ အောင်လံတော်ကို ခံယူရရှိမည် ဖြစ်သောကြောင့် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်ကာ ဖရဏာ ပီတိ ဂွမ်းဆီထိသကဲ့သို့ ခံစားရပါကြောင်း။

သာသနာ‌ရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ အချက်အလက်များ အရ ဆရာတော်သည် စစ်ကိုင်း တိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဝန်းရံကျေးရွာတွင် ဖွားမြင်တော် မူခဲ့ကြောင်း၊ ၁၃၅၆ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦး မြို့နယ်၊ တင်းတိန်ရံဈေး၊ ဓမ္မိကာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကေသရိန္ဒာဘိဝံသကို ဥပဇ္စျာယ် ပြု၍ မြင့်မြတ်သောရဟန်းအဖြစ် သို့ ရောက်ရှိတော်မူခဲ့ကြောင်း၊ ဆရာတော်သည် သာသနဓဇဓမ္မာ စရိယဘွဲ့၊ ဝိနယဝိဒူဘွဲ့၊ ဒီဃ နိကာယဝိဒူဘွဲ့၊ မဇ္ဈိမနိကာယ ဝိဒူဘွဲ့၊ အဘိဓမ္မဝိဒူ (၁/၂) ဘွဲ့၊ နိကာယဝုဍ္ဎိသမိတိ ဝိနယကောဝိဒ ဘွဲ့၊ နိကာယုဇ္ဇောတကဓမ္မတ္ထ ဝိသာရဒ ဒီဃဘာဏကဘွဲ့၊ နိကာ ယုဇ္ဇောတက ဒီဃနိကာယဓမ္မာ စရိယဘွဲ့၊ နိကာယုဇ္ဇောတက အတ္ထဝိသာရဒ မူလအာဘိဓမ္မိက ဘွဲ့၊ နိကာယုဇ္ဇောတက မဇ္ဈိမ ဘာဂဓမ္မာစရိယဘွဲ့၊ နိကာယုဇ္ဇော တက မဇ္ဈိမအာဘိ ဓမ္မိကဘာဏကဘွဲ့ စသည့်ဘွဲ့တော်များ အောင်မြင်ရရှိတော်မူပြီး ဆက်လက်၍ အားထုတ်တော်မူရာ ၁၃၇၆ ခုနှစ် တွင်ကျင်းပ‌သော (၆၇) ကြိမ် မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲ တွင် သင်ရိုးပိဋကတ်သုံးပုံဟု ဆိုအပ်သော ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်းတို့ကို ခက်ခဲနက်နဲစွာ လေ့လာကျက်မှတ်၍ သတ်မှတ်အချိန် သတ်မှတ်ရက်အတွင်း သတ်မှတ်စာမျက်နှာ သတ်မှတ်ကျမ်းစာများကို အာဂုံပြန်ဆိုနိုင် ခဲ့ပြီး အာဘိဓမ္မိက ဘွဲ့တံဆိပ်တော်နှင့် တိပိဋကဓရဘွဲ့တံဆိပ်တော်တို့ကို ရရှိတော်မူခဲ့ကြောင်း သိရှိရပါကြောင်း။

တပည့်တော်များ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အစိုးရလက်ထက် ယခုနှစ်ကျင်းပသော (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲ တွင် သင်ရိုးပိဋကတ်တော်များ၏ အဖွင့်ကျမ်းများဖြစ်သော အဋ္ဌ ကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိ၊ နိဿယများလာ ခက်ခဲ နက်နဲသော သဘောအဓိပ္ပာယ် တို့ကို ဆရာတော်၏ သဒ္ဓါစွမ်းအား၊ သတိစွမ်းအား၊ သမာဓိစွမ်းအား၊ ပညာစွမ်းအားတို့ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပြီးဖြစ်၍ နိုင်ငံတော်မှဆက်ကပ်သော တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူမည်ဖြစ်ရာ ဆရာတော်သည် ပရိယတ္တိ သာသနာတော်အတွက် တပည့်ရဟန်းသံဃာများအား စာပေပို့ချခြင်းစသော သာသနာပြုလုပ်ငန်းများ ကျန်းမာချမ်းသာစွာဖြင့် ဆောင်ရွက်တော်မူနိုင်ပါမည့်အကြောင်း ယခုကဲ့သို့ တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆွတ်ခူးရရှိတော်မူသဖြင့် (၁၈)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့ အာဇာနည်အဖြစ် ပေါ်ထွန်းလာ ခြင်းကိုလည်း အထူးပင် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ထပ်လောင်း လျှောက်ထားပြီး တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တဝိစိတ္တ သာရထံ သဝဏ်လွှာကို ဆက်ကပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား လှူဖွယ်ပစ္စည်း များ၊ နဝကမ္မအလှူတော်ငွေများကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် က တိပိဋကမဟာဂန္ထဝင်နိကာယ် ကျောင်းတိုက် ပဓာနနာယက၊ တိပိဋကဓရ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာ ပဏ္ဍိတ ရေစကြိုဆရာတော် ဘဒ္ဒန္တ ဝါယာမိန္ဒာဘိဝံသအား လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူ တော်ငွေများကို လည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တိပိဋကမဟာ ဂန္ထဝင် နိကာယ်ကျောင်းတိုက် ပဓာနနာယက၊ တိပိဋကဓရ တိပိဋက ဓမ္မဘဏ္ဍာဂါရိက အဂ္ဂ မဟာပဏ္ဍိတ ရေစကြိုဆရာတော် ဘဒ္ဒန္တ ဝါယာမိန္ဒာဘိဝံသ ဆရာ တော် အရှင်သူမြတ်က သာသနာ တော် ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်ရာတွင် ချီးမြှောက်သင့် ချီးမြှောက်ထိုက်သော ပုဂ္ဂိုလ် တို့ကို ချီးမြှောက်သင့်ကြောင်း ဗုဒ္ဓ မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ကြောင်း၊ ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မမင်းအောင်လှိုင်နှင့်တကွ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်စသည့် အကြီးအကဲများက လာရောက်ချီးမြှင့်ဆက်ကပ်သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ချီးမြှောက်သင့် ချီးမြှောက်ထိုက်သူများကို ချီးမြှောက်သဖြင့် အနာဂတ် သံဃာတော်များ အားကျအတုယူ ဖွယ် လုပ်ဆောင်ချက်တစ်ခုဖြစ်ပါကြောင်း၊ ၂၀၀၁ ခုနှစ်မှစ၍ ကျောင်းတိုက်ကို စတင်တည်ထောင် ခဲ့ရာ ၂၀၂၆ ခုနှစ်တွင် ၂၅ နှစ် ပြည့်မြောက်ပြီး ဖြစ်ပါကြောင်း၊ ကျောင်းတိုက် တည်ထောင်သည့် ကာလအတွင်း (၆၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် တိပိဋက ဓရ တိပိဋကကောဝိဒ တစ်ပါး၊ (၇၇)ကြိမ်မြောက်တွင်တစ်ပါး၊ ယခု (၇၈) ကြိမ်မြောက်တွင် တစ်ပါးစုစုပေါင်း သာသနာ့အာဇာနည်သုံးပါး ပေါ်ထွန်းခဲ့ပြီဖြစ်သဖြင့် ဆရာတော်နှင့်တကွ ကျောင်း တိုက်ရှိ တပည့်သံဃာတော်များ၊ တပည့် ဒါယကာ၊ ဒါယိကာမများ အားလုံးက ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုပါကြောင်း ဩဝါဒပြု မိန့်ကြားပြီး အခမ်းအနားကို နံနက် ၁၁ နာရီ ၁၅ မိနစ်တွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။