တိရစ္ဆာန်ဆေးကုဆရာဝန်များအနေဖြင့် ထုတ်လုပ်မှုတိရစ္ဆာန်နှင့် အိမ်မွေးတိရစ္ဆာန်နှစ်ရပ်လုံး စောင့်ရှောက်မှုပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်

တိရစ္ဆာန်ဆေးကုဆရာဝန်များအနေဖြင့် ထုတ်လုပ်မှုတိရစ္ဆာန်နှင့် အိမ်မွေးတိရစ္ဆာန်နှစ်ရပ်လုံး စောင့်ရှောက်မှုပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်


Ministry of Information/ Naypyitaw / January 07, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၆

တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်း ခွင့်ပြုလက်မှတ်လျှောက်ထားခြင်း၊ တိရစ္ဆာန်ကုဆေးရုံ၊ ဆေးခန်းတည်ထောင်သူများ၊ လုပ်ငန်းဆောင်ရွက်သူ တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် တွေ့ဆုံညှိနှိုင်းပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ မွေးမြူထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးရေးနှင့် အသားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ပြည်သူ့ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အသားကဏ္ဍဖူလုံရေးအတွက် ထုတ်လုပ်မှုနှုင့် တိရစ္ဆာန် (Food Animal) မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးလျက်ရှိသော်လည်း တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် အိမ်မွေးတိရစ္ဆာန် (Pet Animal) များကိုသာ အလေးပေးဆောင်ရွက် လျက်ရှိကြသည်ကို တွေ့ရှိရပါကြောင်း၊ လက်ရှိကွင်းဆင်းစစ်ဆေးခဲ့သော ဆေးရုံ၊ ဆေးခန်းများကို စိစစ်ရာတွင် ဆေးခန်း ၈၃ ခုတွင် ခွေးနှင့် ကြောင်သာ ကုသသော ဆေးရုံဆေးခန်း ၆၅ ခုရှိပြီး ကျန် ၁၈ ခုသည်လည်း ခွေး၊ ကြောင်နှင့် ယုန်အပါအဝင် အခြားအမျိုးအစားအနည်းငယ်ကိုသာ ကုသပေးနေသော ဆေးရုံများကိုသာ တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ တိရစ္ဆာန်ဆေးကုဆရာဝန်များအနေဖြင့် ထုတ်လုပ်မှုတိရစ္ဆာန် (Food Animal)နှင့် အိမ်မွေးတိရစ္ဆာန်(Pet Animal) နှစ်ရပ်လုံးကို ဟန်ချက်ညီစွာ စောင့်ရှောက်မှုပေးနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း။

ဆေးကုသသူများအနေဖြင့် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီတွင် မှတ်ပုံတင်ထားသူဖြစ်ရန် လိုအပ်ပြီး ဆေးရုံဆေးခန်းအနေဖြင့်လည်း လုပ်ငန်းလိုင်စင် လုပ်ဆောင်ထားရန်လိုကြောင်း၊ ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်၍ ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်သကဲ့သို့ တိရစ္ဆာန်ဆေးကုဆရာဝန်၏ ကျင့်ဝတ်များကိုလည်း လိုက်နာရမည်ဖြစ်ပါကြောင်း၊ အလားတူ တိရစ္ဆာန်ဆေးကုဆေးခန်းများအနေဖြင့် စံချိန်စံညွှန်းနှင့်အညီ ဝန်ဆောင်မှုပေးခြင်း၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ ကျင့်ဝတ်(Code of Conduct) ထိန်းသိမ်းခြင်း၊ တိရစ္ဆာန်ဆေးဝါးများ စနစ်တကျသုံးစွဲခြင်းတို့ကို လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ တိရစ္ဆာန်ဆေးကုဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေသူများ၊ တိရစ္ဆာန်ဆေးကု ဆရာဝန်များအနေဖြင့် နိုင်ငံတော်က သင်ကြားပေးလိုက်သော ပညာရပ်များကို ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်၏အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဟန်ချက်ညီညီ ဝိုင်းဝန်းအကောင် အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများက တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လုပ်ငန်းစဉ်များ၊ တိရစ္ဆာန်ကုဆေးရုံ၊ ဆေးခန်း မှတ်ပုံလက်မှတ် လျှောက်ထားခြင်းနှင့်ပတ်သက်၍ တွေ့ရှိချက်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက တိရစ္ဆာန်ဆေးကုဆရာဝန်များ၊ ဆေးခန်း၊ ဆေးရုံများ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် တစ်ပါတည်းဆောင်ရွက်သွားရန် (One Stop Service) ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးသည်။

ဆက်လက်၍ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက် လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက သုံးသပ်ဆွေးနွေး သည်။

ဆွေးနွေးပွဲသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့မှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီးပြည်နယ် ဒုတိယတိုင်းဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ တိရစ္ဆာန်ကုဆေးရုံ၊ ဆေးခန်းပိုင်ရှင်များ၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။