တိုင်းချစ်ပြည်ချစ်ညီညွတ်မှုဖြင့် အမျိုးသားရေးအားမာန်များထုတ်ဖော်

တိုင်းချစ်ပြည်ချစ်ညီညွတ်မှုဖြင့် အမျိုးသားရေးအားမာန်များထုတ်ဖော်


Ministry of Information/ Naypyitaw / November 01, 2024
image_latest


အမျိုးသားအားကစားပြိုင်ပွဲကြီးသည် အားကစားကဏ္ဍကို မြှင့်တင်ထုတ်ဖော်ပြသသည့် ပြိုင်ပွဲသက်သက်သာမဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားအားလုံး၏ မျိုးချစ်စိတ်ဓာတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှု၊ တည်ငြိမ်အေးချမ်းမှုတို့ကို ထုတ်ဖော်ပြသည့် စုပေါင်းအင်အားများကို ဖော်ထုတ်နိုင်သော ပြိုင်ပွဲဖြစ်၍ အမျိုးသားအားကစားပြိုင်ပွဲ သို့မဟုတ် အမျိုးသား အားကစားပွဲတော်ဟု ခေါ်ဆိုရပေသည်။

အားကစားကဏ္ဍ၊ အားကစားတွင် အားလုံးပါဝင်လှုပ်ရှားကြခြင်းသည် နိုင်ငံနှင့် ပြည်သူလူထုအတွက် မည်မျှအရေးပါသည်ကို စက်တင်ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အားကစားတိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်ပြီး လူသားအရင်းအမြစ်များ တိုက်ရိုက်ဖွံ့ဖြိုးစေနိုင်ကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတော်က “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” လူမှုရေးဦးတည်ချက်ကို ချမှတ်ထားပြီး အကောင်အထည်ဖော်လျက်ရှိသည်။ ပြည်သူလူထုတစ်ရပ်လုံးကိုလည်း အားကစားဘက်တွင် စိတ်ဝင်စားကာ တက်တက်ကြွကြွ ပါဝင်လာနိုင်အောင် စည်းရုံးလှုံ့ဆော်ပေးလျက်ရှိသည်။ အားကစားသမားများ၏ အောင်မြင်မှုများသည် ပြည်သူလူထုအတွက် ခွန်အားများဖြစ်စေသည်။

မကြာမီကျင်းပပြုလုပ်တော့မည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်ကြီးသည် အားကစားကဏ္ဍအားလုံးစုံလင်ပြီး တစ်တိုင်းပြည်လုံး လွှမ်းခြုံပါဝင်သည့် အမျိုးသားပွဲတော်ဖြစ်သည်။ “ယခုကျင်းပမည့် အမျိုးသားအားကစား ပွဲတော်ကြီးကို အားကစားပြိုင်ပွဲအဖြစ်သာ မရှုမြင်ဘဲ နိုင်ငံတော်အဆင့် အဓိပ္ပာယ်ရှိရှိ၊ အရည်အသွေးမြင့်မြင့်နှင့် စနစ်တကျအောင်မြင်အောင် ဆောင်ရွက်သွားရမည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်ဟု မှတ်ယူဆောင်ရွက်ကြရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။

တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားအားကစားပွဲတော်ကြီးကို သိုက်သိုက်ဝန်းဝန်း အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် “စည်းလုံးညီညာ အောင်ကြောင်းဖြာ”ဆိုသည့်အတိုင်း ပွဲမဝင်ခင်ကပင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ၊ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီဒီယာလောကသားများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက ကိုယ်စီကိုယ်စီကျရာ အခန်းကဏ္ဍအလိုက် အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပရန် တစ်လလိုသည့်အချိန်တွင် ပြည်သူများ စိတ်ဝင်စားစွာဖြင့် စောင့်မျှော်အားပေးနိုင်ရန်အတွက် အမျိုးသားအားကစားပွဲတော်နှင့်ပတ်သက်သည့် မီဒီယာလှုံ့ဆော်မှုများ၊ ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများ၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသီးသီးတို့၏ ကြိုတင်ပြင်ဆင်နေမှုများကို အသိပေးထုတ်ပြန်မှုများ၊ ပြိုင်ပွဲနှင့်ပတ်သက်၍ ပြည်သူလူထုစိတ်နှလုံးကို နှိုးဆွပေးနိုင်သည့် တေးသီချင်း၊ ဇာတ်လမ်း၊ အသိပညာပေးမှု အဖြာဖြာတို့ကို မီဒီယာအမျိုးမျိုးမှ ထုတ်လွှင့်ဖော်ပြပေးပြီး ကြိုတင်လှုံ့ဆော်ပေးကြရမည်ဖြစ်သည်။ နိုင်ငံ့ဂုဏ်နှင့် အားကစားအဆင့်အတန်းကို မြှင့်တင်ပေးနိုင်မည့်ပွဲတော်ကြီးဖြစ်၍ ပြည်သူလူထုတစ်ရပ်လုံး အားပေးမြှင့်တင်ပေးမှုသည် အရေးကြီးသည်။

အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ခြင်းသည် နိုင်ငံနှင့်လူမျိုးကို မြှင့်တင်အားပေးခြင်းဖြစ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားတက်ကြွထက်သန်စေသည်။ အမျိုးသားအားကစားပွဲတော်ကြီးသည် အားကစားကဏ္ဍသက်သက်သာမဟုတ်ဘဲ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ရည်ရွယ်ကျင်းပသည့် အနှစ်သာရပြည့်ဝသော ပွဲတော်ကြီးဖြစ်သည်။ ကျောင်းသား ကျောင်းသူလေးများ၏ စွမ်းရည်နှင့် လူငယ်လူရွယ်များ၏ အားမာန် များကို ထုတ်ဖော်ပြသသည့် ပွဲတော်ကြီးဖြစ်သည်။

သို့ဖြစ်ရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးသည် အမျိုးသားရေးအနှစ်သာရပြည့်ဝသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် အရေးကြီးသောပွဲတော်ကြီးဖြစ်၍ အမျိုးသားအားကစားပွဲတော်ကြီး မကျင်းပမီ၊ ကျင်းပနေစဉ်ကာလများအတွင်း ပြည်သူလူထုတစ်ရပ်လုံးသာမက နိုင်ငံတကာကပါ ကျယ်ကျယ်ပြန့်ပြန့် အားပေးကြည့်ရှုနိုင်အောင် အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပူးပေါင်းလက်တွဲပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက်၊ နိုဝင်ဘာ ၁ ရက်၊ သောကြာနေ့။


Posted on Nov 01, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့၊ အောက်တိုဘာ ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Oct 31, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 30, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Oct 29, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။


Posted on Oct 28, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 27, 2024
AnnouncementsExplore more >

အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၄) သင်တန်းဝင်ညွှန်ကြားလွှာ

Posted on Oct 31, 2024

အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၄) သင်တန်းဝင်ညွှန်ကြားလွှာ

အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဝင်ညွှန်ကြားလွှာ

Posted on Oct 31, 2024

အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဝင်ညွှန်ကြားလွှာ

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင်ဖွင့်လှစ်မည့်အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်(၁၃) နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) တွင်ဖွင့်လှစ်မည့် အရာထမ်းလောင်း...

Posted on Oct 31, 2024

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင်ဖွင့်လှစ်မည့်အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်(၁၃) နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) တွင်ဖွင့်လှစ်မည့် အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်( ၁၄ )တို့သို့ တက်ရောက်ရန်ကိစ္

HOT NEWS
January 4,