တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ဂုဏ်ပြုမီးအလှထွန်းညှိခြင်းများပြုလုပ်
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ဂုဏ်ပြုမီးအလှထွန်းညှိခြင်းများပြုလုပ်
Ministry of Information/ Naypyitaw / January 04, 2026
နေပြည်တော် ဇန်နဝါရီ ၄
ယနေ့သည် မြန်မာတစ်မျိုးသားလုံး ဝမ်းသာပျော်ရွှင်မဆုံးဖြစ်ရသော (၇၈) နှစ် မြောက်လွတ်လပ်ရေးနေ့ဖြစ်သည်နှင့်အညီ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားများ၊ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။
၎င်းအပြင် တန်ခိုးကြီးဘုရားစေတီများ၊ ပန်းခြံများ၊ အများနှင့် သက်ဆိုင်သောနေရာများ၌ ဘုရားဖူးမြော်သူများနှင့် လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက် ရှိသည်။
ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများအပါအဝင် အခြားမြို့ကြီးများ၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုမီးအလှများ ထွန်းညှိခြင်းများ ဆောင်ရွက်ကြရာ လာရောက်ကြည့်ရှုသူ မိဘပြည်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သတင်းရရှိသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
