တိုင်းပြည်အနာဂတ်လမ်းဖြောင့်ဖြူးစေမည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
တိုင်းပြည်အနာဂတ်လမ်းဖြောင့်ဖြူးစေမည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
Ministry of Information/ Naypyitaw / December 29, 2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာနယ်မြေများအလိုက်ကျင်းပခဲ့ပြီး နိုင်ငံသားတစ်ဦးတာဝန်ကို ကျေပွန်ခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-
ကျွန်မက ပထမဆုံးမဲပေးတာဆိုတော့ စိတ်လှုပ်ရှားမိပါတယ်။ အလွန်ကျေနပ်ပါတယ်။ နိုင်ငံသားတစ်ယောက်ရဲ့တာဝန် ကျေပွန်သွားပြီလို့လည်း ခံစားမိပါတယ်။ ကျွန်မတို့လူငယ်တွေအတွက် အကျိုးပြုမယ့်ခေါင်းဆောင်ကောင်းကိုလည်း အများကြီးမျှော်လင့်ထားပါတယ်။ ဘယ်သူပဲရရပေါ့။ နိုင်ငံအတွက်ကိုလည်း အများကြီးအကျိုးပြုမယ့် လူကို မျှော်လင့်မိပါတယ်။
ကျွန်မကပျဉ်းမနားမြို့က လာပြီးမဲပေးတာပါ။ ပထမဆုံးမဲပေးခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်မလိုပဲ မဲပေးပိုင်ခွင့်ရှိတဲ့လူငယ်တွေအားလုံး မဲလာပေးပါလို့ နှိုးဆော်အပ်ပါတယ်။
MEVM စက်နဲ့ပေးတဲ့အတွက်ကြောင့် ပိုပြီးတိကျတယ်။ ကိုယ်ပေးချင်တဲ့ပါတီကို တစ်ခါတည်းနှိပ်လိုက်တာနဲ့ လွယ်လွယ်ကူကူ တိကျတဲ့အဖြေရပါတယ်။ အဲဒါကြောင့် လွယ်ကူတယ်လို့ ပြောတာပါ။ ကျွန်မက ဗမာဆိုတော့ သုံးမျိုးပဲပေးခဲ့ရပါတယ်။ ကျွန်မတို့တိုင်းပြည်အတွက်၊ နိုင်ငံအတွက် အကောင်းဆုံးပေးဆပ်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကို မဲပေးခဲ့တာဖြစ်ပါတယ်။ ဒီနေ့တာဝန် ကျေတယ်လို့ ခံစားရပါတယ်။
ကျွန်တော်က ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာမဲပေးတာ ပထမဆုံးအကြိမ်ပါ။ ဒီလိုမျိုး Privacy တွေလည်းရှိတော့ မဲပေးရတာ အဆင်ပြေပါတယ်။ ကိုယ်ရွေးချယ်ချင်တဲ့လူကို မဲပေးခဲ့ရလို့ ပျော်ပါတယ်။ ကျွန်တော်တို့မဲပေးပြီး ထွက်ပေါ်လာမယ့်အစိုးရက ကျွန်တော်တို့ ပြည်သူပြည်သားတွေအတွက်ရော၊ လူငယ်တွေအတွက်ရော ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ဖော်ဆောင်ပေးမယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
