တိုင်းပြည်အေးချမ်းသာယာဝပြောရေး အားလုံးလက်တွဲပူးပေါင်းဆောင်ရွက်

တိုင်းပြည်အေးချမ်းသာယာဝပြောရေး အားလုံးလက်တွဲပူးပေါင်းဆောင်ရွက်


Ministry of Information/ Naypyitaw / February 14, 2026
image_latest


နိုင်ငံတစ်နိုင်ငံ၏ အခြေခံလိုအပ်ချက်သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဖြစ်သည်။ ပြည်သူများအတွက် အဓိကလိုအပ်ချက်မှာလည်း တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဖြစ်သည်။ အဆိုပါအချက်နှစ်ချက်ကို နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးရည်မှန်းချက်အဖြစ်ချမှတ်ပြီး အကောင်အထည်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်သာယာဝပြောမှသာ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများအားလုံး ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းများရှိပြီး သဘာဝသယံဇာတများပေါများ ကြွယ်ဝသည်။ စိုက်ပျိုးမြေ၊ စိုက်ပျိုးရေလုံလောက်ခြင်း၊ လူဦးရေသင့်တင့်မျှတခြင်း၊ ရာသီဥတုနှင့် ဂေဟစနစ်မျိုးစုံရှိခြင်း၊ ရေချိုအရင်းအမြစ်ကြွယ်ဝခြင်း၊ လုပ်နိုင်ကိုင်နိုင်ရှိသည့် လူသားအရင်းအမြစ်ပေါများခြင်းတို့ကြောင့် ပြည်တွင်းစားရေရိက္ခာအတွက် မပူပင်ရသောနိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သောကြောင့် တစ်ဧကပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်စိုက်ပျိုးနိုင်ပါက စားရေရိက္ခာဖူလုံ ပိုလျှံပြီး ပြည်ပသို့ပိုမိုတင်ပို့နိုင်သဖြင့် လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာ၍ တိုင်းပြည်သာယာဝပြောမည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရန်အတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးကူညီလျက်ရှိသည်။ အရည်အသွေးကောင်းမွန်သော တန်ဖိုးမြင့်ထုတ်ကုန်များကို ပြည်တွင်းဖူလုံရေးသာမက ပြည်ပသို့တင်ပို့နိုင်ရေးကိုလည်း ကူညီပံ့ပိုးပေးလျက်ရှိသည်။ စိုက်ပျိုးရေးသာမက မွေးမြူရေးနှင့် ပြည်တွင်းထုတ်ကုန်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် သမားရိုးကျလုပ်ကိုင်ဆောင်ရွက်မှုအစား ခေတ်မီနည်းစနစ်များဖြင့် အထွက်နှုန်းတိုးအောင်၊ သီးထပ်စွမ်းအားမြင့်မားအောင်၊ အရည်အသွေးကောင်းအောင်၊ ကုန်ထုတ်လုပ်မှုအဆင့်မြင့်မားလာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

တိုင်းပြည်သာယာဝပြောရေးအတွက် စီးပွားရေးသည် အရေးကြီးသောကဏ္ဍဖြစ်သလို တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ အေးချမ်းစွာ လုပ်ကိုင်စားသောက်နေထိုင်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ပေးရမည်ဖြစ်သည်။ အဆိုပါအချက်များသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ပကတိလိုအပ်ချက်များဖြစ်သည်။ ဒေသတစ်ခု တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အစိုးရတွင် တာဝန်ရှိသည်မှန်သော်လည်း အဆိုပါဒေသတွင်နေထိုင်ကြသော ပြည်သူများအနေဖြင့်လည်း တာဝန်ရှိကြပါသည်။ ဒေသတစ်ခု တည်ငြိမ်အေးချမ်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းကိုပျက်ပြားအောင် ထိုဒေသရှိ အကြမ်းဖက်သမားများက ဖန်တီးခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။

လက်ရှိကာလတွင် အကြမ်းဖက်သောင်းကျန်းသူများက မြို့ရွာများသာမက လမ်း၊ တံတားများ၊ လျှပ်စစ်ဓာတ်အားလိုင်းများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ ပိတ်ဆို့တားဆီးခြင်း၊ ပြည်သူပိုင်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်ခြင်းကြောင့် လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်ဝန်ဆောင်မှုများ နှောင့်နှေးကြန့်ကြာခြင်း၊ ကုန်ဈေးနှုန်းများမြင့်မားလာခြင်း၊ ပညာသင်ယူမှုအခွင့်အလမ်းများဆုံးရှုံးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိခြင်းတို့နှင့်ကြုံတွေ့ကြရပြီး ဒေသခံပြည်သူများမှာ ဒုက္ခဆင်းရဲရောက်လျက်ရှိသည်။ နယ်မြေဒေသမတည်ငြိမ်၍ ဒေသခံပြည်သူများ လူမှုစီးပွားဘဝနိမ့်ကျခြင်း၊ အသက်အန္တရာယ်ထိခိုက်ခြင်းတို့ကြုံတွေ့လျက်ရှိရာ ပြည်သူအချင်းချင်း စာနာထောက်ထားကြရမည်ဖြစ်သည်။

အကြမ်းဖက်သောင်းကျန်းသူများသည် အစိုးရအားတော်လှန်သည်ဟု ကြွေးကြော်သော်လည်း မိမိတို့ပြည်သူများနေထိုင်သည့် မြို့ရွာများကို အသုံးချဖျက်ဆီးနေကြသည့် ဆင်ခြင်တုံတရားနည်းပါးသော မိုက်မဲမှုလုပ်ရပ်များဖြစ်သည်။ မြို့ရွာများ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်ခြင်းသည် ဒေသခံပြည်သူများသာ လူမှုစီးပွားဘဝထိခိုက်ပြီး ဆင်းရဲဒုက္ခရောက်ကြရသည်ကို သတိချပ်ရမည်ဖြစ်သည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများနှင့်လက်တွဲပြီး လက်နက်ကိုင်သောင်းကျန်းသူများ၏ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ၊ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်မှုများကို ထိန်းသိမ်းကာကွယ်လျက်ရှိသည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ပြည်တွင်းအင်အားစုများကိုအခြေခံကာ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ခေတ်မီပြည်သူ့ကာကွယ်ရေးစနစ်ကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။ တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေး အမျိုးသားရေးရည်မှန်းချက်အောင်မြင်စေရန်အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။ သို့မှသာ ပြည်သူများလူမှုစီးပွားဘဝများ မြင့်မားတိုးတက်မည်ဖြစ်၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းလက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း