တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် တို့ကိုဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာ အသိပညာပေးခြင်းအစီအစဉ်ကို ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ်

တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် တို့ကိုဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာ အသိပညာပေးခြင်းအစီအစဉ်ကို ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ်


Ministry of Ethnic Affairs/ ကရင်ပြည်နယ် / August 06, 2025


တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးခြင်း အစီအစဉ်ကို (၂၂-၇-၂၀၂၅) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အုန်းတပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစန်းကိုက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးဝင်းတင်၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း၊  အားကစား နှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်နန်းမိုမိုမောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြပါသည်။  

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာကြသော ကျောင်းသား/ သူများအား ဗဟုသုတဉာဏ်စမ်းမေးခွန်းများ မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူ ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ ကျား (၂၈) ဦး၊ မ (၇၂) ဦး စုစုပေါင်း (၁၀၀) ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။  

 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။


Posted on Aug 07, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 06, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။


Posted on Aug 05, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။


Posted on Aug 04, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 03, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025
AnnouncementsExplore more >

“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”

Posted on Aug 7, 2025

“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ

Posted on Aug 7, 2025

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း

Posted on Aug 7, 2025

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း