တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) လုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) လုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး
Ministry of Ethnic Affairs/ ရန်ကုန်တိုင်းဒေသကြီး / August 06, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ (၂၇) ရက်နေ့ နံနက် ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၏ အဆင့်မြှင့်တင် လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး စည်းစည်းလုံးလုံးဖြင့် လုပ်ငန်းများ အောင်မြင်အောင်ကြိုးစားဆောင်ရွက်ကြရန်နှင့် ရာထူးအဆင့်အလိုက် ပေးအပ်သည့် တာဝန်များကို ကျေပြွန်စွာထမ်းဆောင်ကြရန် မှာကြားလိုပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် မိမိတို့ဝန်ကြီးဌာနအတွက် အဓိက ပြယုဒ်တစ်ခုပင်ဖြစ်ပြီး တိုင်းရင်းသားများ၏ ဓလေ့ထုံးစံများကို အများပြည်သူများ၊ ခရီးသွားဧည့်သည်များ စိတ်ချမ်းသာစွာ လာရောက်လေ့လာ အပန်းဖြေနိုင်ရန်အတွက် အမြဲသန့်ရှင်းသာယာလှပပြီး စိန်းလန်းစိုပြေနေရန် လိုအပ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ပါ လုပ်ငန်းစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရန် ပြောကြား ခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ တာဝန်ခံ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး တို့က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
ယင်းနောက် ဝန်ထမ်းများက အခက်အခဲများ အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအတွင်း တိုင်းရင်းသားရိုးရာစားသောက်ဆိုင်ခန်းများ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားရိုးရာအိမ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားရိုးရာအိမ် များအား မူလအစဉ်အလာမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်၊ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရန်၊ လာရောက်အပန်းဖြေသည့် ပြည်သူ များအား စနစ်တကျ ရှင်းပြတတ်စေရန် မှာကြားခဲ့ပြီး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အများပြည်သူအားလပ်ရက် ပြည်သူများ၊ ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့စွာ လာရောက်လည်ပတ်အပန်းဖြေနေမှုများကို လိုက်လံကြည့်ရှုပြီး လာရောက်အပန်းဖြေသည့် ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ပါသည်။
ယင်းနောက် ဝန်ထမ်းအိမ်ယာများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် သောင်တူးခြင်းလုပ်ငန်း၊ မြေယာ ရှုခင်းပြုပြင် ခြင်းလုပ်ငန်း၊ ပန်းအလှ စိုက်ပျိုးခြင်းလုပ်ငန်း၊ အပျိုဆောင်အထွေထွေ ပြုပြင်ခြင်း လုပ်ငန်းနှင့်၊ သန်း (၂၀) အောက် အထွေထွေပြုပြင်ခြင်းလုပ်ငန်း (၆)ခု တို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့်အချိန်ကာလအတွင်း သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက် နိုင်ရေး တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကွပ် ကဲရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်ပြီး ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ အမှိုက်များ စနစ်တကျစွန့်ပစ်မှုရှိစေရေး၊ ဝန်ထမ်းအိမ်ရာရှိ သန့်စင်ခန်းများ ပြုပြင်ခြင်းလုပ်ငန်းများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြုပြင်ဆောင်ရွက်မည့် အပျိုဆောင်အဆောက်အဦ အား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆောက်အဦကြံ့ခိုင်မှုရှိစေရေး အထူး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။
“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”
Posted on Aug 7, 2025“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ
Posted on Aug 7, 2025နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း
Posted on Aug 7, 2025တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း