တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မြန်မာနိုင်ငံတော်အလံအကြောင်း သိကောင်းစရာဟောပြော
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မြန်မာနိုင်ငံတော်အလံအကြောင်း သိကောင်းစရာဟောပြော
Ministry of Information/ Naypyitaw / March 01, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၈
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မြန်မာနိုင်ငံတော်အလံအကြောင်း သိကောင်းစရာဟောပြောခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ရှင်းလင်းဟောပြော
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က မြန်မာနိုင်ငံတော်အလံအကြောင်း သိကောင်းစရာများကို Power Point ဖြင့် ရှင်းလင်းပြောကြားရာ၌ နိုင်ငံတော်အလံ၏ အတိုင်းအတာများ၊ အဓိပ္ပာယ်များကိုလည်းကောင်း၊ ခေတ်အဆက်ဆက် မြန်မာနိုင်ငံတော်အလံဥပဒေ၊ နည်းဥပဒေများနှင့် ဥပဒေ၊ နည်းဥပဒေပါ လိုက်နာရန်အချက်များ၊ တားမြစ်ချက်နှင့် ပြစ်ဒဏ်များကိုလည်းကောင်း၊ ခေတ်အဆက်ဆက် မြန်မာနိုင်ငံတော်အလံသမိုင်းကြောင်းများကိုလည်းကောင်း၊ နိုင်ငံတော်အလံ အလေးပြုရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
