တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူငယ်များကို ဖမ်းဆီးနေကြောင်း သတင်းတု၊ သတင်းမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ
တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူငယ်များကို ဖမ်းဆီးနေကြောင်း သတင်းတု၊ သတင်းမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ
Ministry of Information/ Naypyitaw / January 07, 2025
နေပြည်တော် ဇန်နဝါရီ ၆
ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအစပ်ရှိ တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူငယ်များကို ဖမ်းဆီးနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ သတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ စနစ်တကျဖွဲ့စည်းထားရှိပြီး ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီသာ ရွေးချယ်ခေါ်ဆောင်လျက်ရှိပြီး ဥပဒေမဲ့ဖမ်းဆီးခြင်းများ မရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ဥပဒေမဲ့ဖမ်းဆီးပြီး လူသစ်စုဆောင်းခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါသတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်နှင့် ပြည်သူလူထုစိုးရိမ်ပူပန်မှုမြင့်တက်စေရန်အတွက် လုပ်ကြံရေးသားကာ ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်း
Posted on Jan 7, 2025အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့် ရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပမည့် နေ့ရက်၊...
Posted on Jan 7, 2025တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့် ရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်များကို ထုတ်ပြန်ခြင်း
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
Posted on Jan 7, 2025၁။ မြန်မာနိုင်ငံအရပ်ရပ်တွင် နွေဦးရာသီနှင့် နွေရာသီကာလများတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။ အဆိုပါရာသီဥတုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါသည်။