တောင်ကြီးမြို့ရှိ ရပ်ကွက်များ၌ မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုစ်ဆေး
တောင်ကြီးမြို့ရှိ ရပ်ကွက်များ၌ မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုစ်ဆေး
Ministry of Information/ Naypyitaw / December 25, 2025
နေပြည်တော် ဒီဇင်ဘာ ၂၅
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်နယ်လွှတ်တော်ခန်းမဆောင်၌ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်များ လာရောက်ထုတ်ယူမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ ချမ်းမြသာစည်ရပ်ကွက်၊ ရေအေးကွင်းရပ်ကွက်များ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးမဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရပ်ကွက်များရှိ မဲဆန္ဒရှင်များက မိမိမဲစာရင်းများ လာရောက်ကြည့်ရှုနေမှုအခြေအနေများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်တို့နှင့် ပတ်သက်၍ သွားရောက်ကြည့်ရှုကြရာ မဲရုံတာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ရှင်းလင်းတင်ပြမှုအပေါ် တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
