တောင်ကြီး - ပေါမူ၊ ပေါမူ - တောင်ကြီး ရှုခင်းကြည့် Sight Seeing ရထားခရီးစဉ် ခရီးသည်စီးနင်းမှုများပြား

တောင်ကြီး - ပေါမူ၊ ပေါမူ - တောင်ကြီး ရှုခင်းကြည့် Sight Seeing ရထားခရီးစဉ် ခရီးသည်စီးနင်းမှုများပြား


Ministry of Information/ Naypyitaw / December 08, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၇

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ တောင်ကြီးမြို့၏ သာယာလှပသောရှုခင်းများကို စိတ်ချမ်းမြေ့စွာကြည့်ရှုခံစားနိုင်ရန် တောင်ကြီး-ပေါမူ-တောင်ကြီး(အသွား/အပြန်)ရထားခရီးစဉ်ကို အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ ပြေးဆွဲပေးလျက်ရှိရာ ရထားစီးခရီးသည် စီးနင်းမှုများပြားလျက်ရှိကြောင်း သိရသည်။     

ယနေ့ နံနက် ၉ နာရီတွင် တောင်ကြီးဘူတာမှ စတင်ပြေးဆွဲသည့် ရထားခရီးစဉ်တွင် တောင်ကြီးတက္ကသိုလ်မှ ဆရာ ဆရာမ ၁၂ ဦး၊ အေးသာယာမြို့နယ် အစိုးရနည်းပညာကောလိပ် (GTC) မှ ကျောင်းသား ကျောင်းသူ ၅၀၊ အောင်ပန်းမြို့ရှိ GELC ကိုယ်ပိုင်အလယ်တန်းကျောင်းမှ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူ ၆၂ ဦးနှင့် အများပြည်သူ ရထားစီးခရီးသည် ၉၀ စုစုပေါင်း ခရီးသည် ၂၁၄ ဦး လိုက်ပါစီးနင်းကြသည်။ ထို့အတူ ရုံးပိတ်ရက် စနေနေ့ဖြစ်သော ဒီဇင်ဘာ ၆ ရက် ခရီးစဉ်၌ တောင်ကြီးမြို့ရှိ Sure the Children (Shan State NGO)မှ ၃၀၊ ကန်ကြီးရပ်ကွက် အဖွဲ့သူအဖွဲ့သားများ ၆၀ နှင့် အများပြည်သူ ရထားစီး ခရီးသည် ၁၂၄ ဦး လိုက်ပါစီးနင်းခဲ့ကြသည်။

တောင်ကြီး-ပေါမူ ခရီးစဉ်မှာ ၁၁ ဒသမ ၄၁ မိုင် ကွာဝေးပြီးပြေးဆွဲချိန် ၁ နာရီခွဲခန့်ကြာမြင့်၍ လမ်းခရီးတွင် ဘဝသံသရာအဝိုင်းအနီး ဝန်းကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်ရန် ထီသိမ်ဘူတာ၌ ၁၅ မိနစ်ရပ်တန့်ပေးကာ ပေါမူဘူတာသို့ နံနက် ၁၀ နာရီခွဲတွင် ရောက်ရှိပြီး ရထားတွဲဆိုင်းအား တောင်ကြီးဘက်သို့ ပြန်လှည့်နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် မိနစ် ၃၀ ရပ်တန့်ပေး၍ ပေါမူဘူတာမှ နံနက် ၁၁ နာရီတွင် ပြန်လည်ထွက်ခွာကာ တောင်ကြီးဘူတာသို့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ရောက်ရှိသည်။

ပြေးဆွဲသည့် ရထားတွဲဆိုင်းမှာ မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်းဖြင့် အထက်တန်း (၃)တွဲ၊ ရိုးရိုးတန်း(၂)တွဲနှင့် ရထားထိန်း တွဲ(၁)တွဲဖြစ်ပြီး တောင်ကြီး-ပေါမူ အသွား/အပြန် ခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားမှာ အထက်တန်းတွဲအတွက် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှင့် ရိုးရိုးတန်းအတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ ဖြစ်သည်။

တောင်ကြီး-ပေါမူ ခရီးစဉ်ကို တောင်ကြီးမြို့မှ စတင်ထွက်ခွာသည်နှင့် တောင်ကြီးမြို့၏ အထင်ကရနေရာ မီးပုံးပျံကွင်းကြီးကို ရထားပေါ်မှနေ၍ ကြည့်ရှုခံစားရခြင်း၊ တောင်ကြီးမြို့၏ ခေတ်မီလှပသော မြို့ပြမြင်ကွင်းများကို ရထားပေါ်မှ ကောင်းစွာမြင်နိုင်ပြီး စိတ်လက်ကြည်လင်အေးချမ်းစေခြင်း၊ မြန်မာ့မီးရထား၏ ဒုတိယဘဝသံသရာ တံတားအား ဖြတ်သန်းစဉ်အဝေးဆီမှ တောင်တန်းများ၊ ကွင်းပြင်ကျယ်များကို ရှုမျှော်ခံစားနိုင်ခြင်း၊ ထီသိမ်ဘူတာသို့ ရထားဆိုက်ရောက် ရပ်နားချိန်အတွင်း ဘူတာအထက်ဘက်ရှိ ရှုရပ်မှနေ၍ ထီသိမ်အဝိုင်းပတ်နှင့် ဘဝသံသရာတံတားအား အပေါ်စီးမှနေ၍ ကြည့်ရှုနိုင်ခြင်း၊ အဝေးဆီမှ ထီသိမ်ဘုရား၊ မြေပြိုဘုရားများကို ကြည်ညိုဖူးမြော်နိုင်ခြင်း၊ ရွှေညောင်ကန်နှင့် ကွင်းပြင်ကျယ်ကြီးများစသည့် တောင်တန်းနှင့် သဘာဝအလှအပရှုခင်းများကို ကြည့်ရှုခံစားနိုင်ခြင်းတို့ကြောင့် စိတ်အေးချမ်းပျော်ရွှင်မှုကို ရရှိစေနိုင်ပြီးခရီးသည်များအနေဖြင့် အထူး ကြိုက်နှစ်သက်ကြကြောင်း သိရသည်။

နောင်တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ အဆိုပါတောင်ကြီး-ပေါမူ အသွား/အပြန်ခရီးစဉ်အတွက် အထက်ပါသတ်မှတ်နှုန်းထားဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ ရထားအဆိုင်းလိုက်(တစ်စီးလုံး) ငှားရမ်းလိုပါကလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။