တောင်ငူခရိုင်အတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ဆည်ရေသောက်စနစ်များ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ နွေစပါးနှင့် နွေအခြားသီးနှံ စိုက်ပျိုးရေပေးဝေနေမှု ကွင်းဆင်းကြည့်ရှု
တောင်ငူခရိုင်အတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ဆည်ရေသောက်စနစ်များ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ နွေစပါးနှင့် နွေအခြားသီးနှံ စိုက်ပျိုးရေပေးဝေနေမှု ကွင်းဆင်းကြည့်ရှု
Ministry of Information/ Naypyitaw / February 25, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ဆည်ရေသောက်စနစ်များ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှု၊ ခပေါင်းဆည်ရေသောက်စနစ် နွေစပါးနှင့် နွေအခြားသီးနှံ စိုက်ပျိုးရေပေးဝေနေမှုကို ကွင်းဆင်းကြည့်ရှုသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ ဒုတိယဝန်ကြီးသည် ခပေါင်းဆည်ရေသောက်စနစ် လက်ဝဲတူးမြောင်းမကြီး၊ လက်ဝဲလက်တံမြောင်းအမှတ်(၁က)၊ လက်ယာလက်တံမြောင်း အမှတ်(၃)နှင့် လက်ယာတူးမြောင်းမကြီး (မြောင်းခွဲ)များ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် နွေစပါးနှင့် နွေအခြားသီးနှံ စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ဆည်ရေသောက် ဧရိယာများအတွင်း ရေပေးမြောင်းနှင့် ရေနုတ်မြောင်းစနစ်များ အစဉ်ကောင်းမွန်စေရေး ပုံမှန်ပြုပြင်ရန်၊ ရေပေးကာလအတွင်း အလေအလွင့်နည်းပါးရေး ဆောင်ရွက်ရန်၊ ရေပြတ်လပ်မှုမဖြစ်ပေါ်စေရေး စနစ်တကျစီမံခန့်ခွဲကြရန်၊ ဓာတုပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲခြင်းဖြင့် မြေဆီလွှာပျက်စီးစေနိုင်သဖြင့် သဘာဝမြေဩဇာကို မျှတစွာသုံးစွဲတတ်စေရန်နှင့် မြေဆီလွှာအရည်အသွေးမကျဆင်းအောင် ကြိုတင်ကာကွယ်ထိန်းသိမ်းရန်၊ လယ်ယာသုံးစက်ကိရိယာများ လယ်ယာကဏ္ဍကွင်းဆက်တစ်လျှောက်လုံး ပိုမိုတွင်ကျယ်စွာသုံးစွဲရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နွေစပါးနှင့် နွေအခြားသီးနှံရာသီတွင် လျာထားဧကများပြည့်မီ၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။
အဆိုပါ ခပေါင်းဆည်ရေသောက်စနစ်မှ နွေစပါး ဧက ၄၀၀၀၀ နှင့် နွေအခြားသီးနှံဧက ၁၃၂၀၀ စုစုပေါင်းဧက ၅၃၂၀၀ ကို စိုက်ပျိုးရေပေးဝေလျက်ရှိသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကေတုမတီမြို့ဟောင်း မြောက်ဘက်ကျုံးအလျားပေ ၁၄၃၀ ဆလံလျောကျောက်ကြီးစီခြင်း၊ မြေဖို့ခြင်းလုပ်ငန်းနှင့် ကွန်ကရစ် (Pile) ရိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုကြည့်ရှုပြီးလုပ်ငန်များ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
