တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုရုံးသို့ အနုပညာရှင်များမှ ကျပ်သိန်း (၂၀၀) တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်း
တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုရုံးသို့ အနုပညာရှင်များမှ ကျပ်သိန်း (၂၀၀) တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်း
Ministry of Information/ Naypyitaw / September 18, 2024
တောင်ငူ စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုရုံးသို့ ယမန်နေ့မွန်းလွဲပိုင်းက Bo Bo Entertainment နှင့်အတူ အနုပညာရှင်များ၊ အလှူရှင်များမှ ငွေကျပ်သိန်း (၂၀၀)ကျော် တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများ၊ သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်းသည်။
ယနေ့တွင် တောင်ငူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုအဖွဲ့ရုံးနှင့် ရေဘေးရှောင်စခန်းများသို့ မြောက်ဒဂုံပရဟိတညီအစ်ကိုများ၊ ကြည်နူးအမွှေးတိုင်လုပ်ငန်းမှ အလုပ်သမားများ၊ ၈၃ မိုင် မြို့ချောင်းကျောက်တံခါးမှ ပရဟိတများ၊ ဖဒိုမြို့မှ အလှူရှင်များ၊ ပဲခြပ်ကုန်းကျေးရွာ လူမှုကူညီရေးအသင်း၊ အင်းစိန်ကရင်နှစ်ခြင်းအသင်းတော်၊ မြတ်စေတနာလူမှုကူညီရေးအသင်း၊ ကျွဲပွဲမြို့မှ ဒေသခံပြည်သူများ၊ အုတ်တွင်းမြို့နယ်(တောင်ညိုကျေးရွာ)မှ ဒေသခံပြည်သူများ၊ ရတနာသီရိဓမ္မာရုံ သာကေတဒို့ညီနောင်ပရဟိတအသင်း၊ ရန်ကုန်မိုးစေတနာပရဟိတအသင်းနှင့် ဒေသခံပြည်သူများက ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ ထမင်း၊ ဟင်းမျိုးစုံ၊ မုန့်မျိုးစုံ၊ အဝတ်အထည်များ၊ ကြက်သွန်၊ အာလူး၊ ဆား၊ အချိုမှုန့်၊ ခရမ်းချဥ်သီးတို့ လာရောက်လှူဒါန်းကြကြောင်း သိရသည်။
တောင်ငူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုရုံးသို့ စက်တင်ဘာ ၁၃ ရက်နေ့မှ စတင်၍ ယနေ့အထိ ရေဘေးအလှူတော်ငွေကျပ်သိန်း (၈၉၆၇ဝဝဝဝ) ကျပ်နှင့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ အဝတ်အစားနှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်းခဲ့ကြောင်းနှင့် တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကွပ်ကဲမှုရုံးကို သာသနာ့ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားလျက်ရှိကာ ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)



အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on May 29, 2025NOTICE TO FILE INCOME TAX RETURN,ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN
Posted on May 27, 2025ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက်...
Posted on May 22, 2025ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း