တောင်သူပူးပေါင်းပါဝင်သော စပါးမျိုး သားဆက်လိုင်းများရွေးချယ်
တောင်သူပူးပေါင်းပါဝင်သော စပါးမျိုး သားဆက်လိုင်းများရွေးချယ်
Ministry of Information/ Naypyitaw / December 03, 2025
နေပြည်တော် ဒီဇင်ဘာ ၂
စိုက်ပျိုးရေးပညာရှင် သုတေသီများ မျိုးစပ်မွေးမြူထားသည့် စပါးမျိုးလိုင်းများကို တောင်သူများကိုယ်တိုင် ပါဝင်ရွေးချယ်ခြင်းဖြင့် တောင်သူများ၏ အကြိုက်နှင့်ကိုက်ညီပြီး ဒေသနှင့်လိုက်လျော ညီထွေမှုရှိသော စပါးမျိုးကောင်းများ ဖော်ထုတ်ထွက်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် တောင်သူများပါဝင်သော စပါးမျိုးသားဆက် လိုင်းများ ရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာရှိ တောင်သူဦးမျိုးနိုင်ဦး၏ စိုက်ကွက်၌ ကျင်းပသည်။
စပါးမျိုးသားဆက်လိုင်း ရွေးချယ်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများ၊ ဇမ္ဗူသီရိမြို့နယ်တဲကြီးကုန်း၊ ဂုံမင်းအင်း၊ အလျင်လိုကျေးရွာများမှ တောင်သူများ တက်ရောက်ကြသည်။
ရွေးချယ်ပွဲတွင် ဒုတိယဝန်ကြီးက ပညာရှင်များအနေဖြင့် မျိုးစေ့ထုတ်သည့်နည်းပညာကို တောင်သူများထံမျှဝေကာ သီးနှံတိုင်းအတွက် တောင်သူကိုယ်တိုင် မျိုးစေ့ထုတ်နိုင်သည့် မျိုးစေ့ထုတ်စနစ်ကို ကျင့်သုံးကြရန်ဖြစ်ပြီး ကျေးရွာအလိုက် မျိုးစေ့ဘဏ် (Village Seed Bank)များ ထူထောင်ကြရမည်ဖြစ်ကြောင်း၊ တောင်သူများ စပါးအခြေခံသီးနှံပုံစံများစိုက်ပျိုးရာတွင် စပါးအပြီး သီးနှံအတွက်အထွက်နှုန်း ကောင်းမွန်စေရေး အလေးပေးဆောင်ရွက်ရန်နှင့် မမျှော်မှန်းနိုင်သည့် ရာသီဥတု ပြောင်းလဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် မိုးများလွန်းခြင်း၊ မိုးနည်းလွန်းခြင်းအခြေအနေများတွင် ရေကိုကောင်းစွာ စီမံခန့်ခွဲနိုင်ရန်အတွက် ပေါင်ကြီး တင်စနစ်အသုံးပြုစိုက်ပျိုးရေး ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် ပညာရှင်များနှင့် တောင်သူများပူးပေါင်းကာ စိုက်ပျိုးပြသထားသည့် အတွဲသုံးတွဲမှ အထွက်ကောင်း ရောဂါဒဏ်ခံနိုင်၍ ယိုင်လဲဒဏ်ခံနိုင်ပြီး ဆန်ရည်ဆန်သား အကောင်းဆုံးမျိုးလိုင်းများအား တောင်သူများနှင့်အတူ ပူးပေါင်းရွေးချယ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
