တောင်သူများ ပူးပေါင်းပါဝင်သော ရေငတ်ခံစပါးမျိုးများရွေးချယ်ရေး အခမ်းအနားကျင်းပ

တောင်သူများ ပူးပေါင်းပါဝင်သော ရေငတ်ခံစပါးမျိုးများရွေးချယ်ရေး အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / September 14, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၃

တောင်သူများ ပူးပေါင်းပါဝင်သော ရေငတ်ခံစပါးမျိုးများ ရွေးချယ်ရေး အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဗဟိုဌာန စိုက်ကွင်း၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများ၊ ရေနံချောင်း၊ ချောက်၊ ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်များနှင့် နေပြည်တော်ကောင်စီနယ်မြေမှ တောင်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိုးရေရရှိမှုနည်းပါးသော မြေပြန့်ဒေသများတွင် စိုက်ပျိုးနိုင်သည့် ရေအနည်းလို ရေငတ်ဒဏ်ခံစပါးမျိုးများ ထုတ်လုပ်ဖြန့်ဖြူးပေးရန် လိုအပ်မည်ဖြစ်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက စမ်းသပ်စိုက်ပျိုးထားသော ယာစပါးမျိုး(၄)မျိုးကို ယနေ့တက်ရောက်လာသော တောင်သူများကိုယ်တိုင် ရွေးချယ်သွားကြရန်ဖြစ်ကြောင်း၊ တောင်သူအကြိုက်ဆုံးမျိုးကို လာမည့်စိုက်ပျိုးရာသီအချိန်မီဖြန့်ဝေရန် ဌာနပိုင်ခြံများတွင် မျိုးပွားထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ယခင်ယာစပါးစိုက်ဖူးသူ တောင်သူများအနေဖြင့် မိမိတို့၏ အတွေ့အကြုံများနှင့် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ အကြံပြုဆွေးနွေးသွားကြရန် ဖိတ်ခေါ်ပါကြောင်း။

ယခုကဲ့သို့ မိုးရေရရှိမှုနည်းပါးသော မြေပြန့်ဒေသများတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ချက်သည် ဒေသဝမ်းစာဖူလုံရေးအတွက်သာမက ဖောက်ပြန်ပြောင်းလဲလျက်ရှိသည့် ရာသီဥတုကြောင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူချိန် မြင့်တက်ခြင်းအပါအဝင် သဘာဝဘေးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်ကျော်လွှားနိုင်ရေးကိုလည်း ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ စားရေရိက္ခာဖူလုံရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဂေဟစနစ်တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရေငတ်ခံစပါးမျိုးများကို မိတ်ဆက်ရှင်းလင်းပြီး ယာစပါးစိုက်ပျိုးရာတွင် ဆောင်ရွက်ရမည့် နည်းပညာရပ်ဆိုင်ရာများကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် ရေနံချောင်း၊ ချောက်၊ ရမည်းသင်း၊ ပျော်ဘွယ်နှင့် နေပြည်တော်ကောင်စီနယ်မြေမှ တက်ရောက်လာကြသူ တောင်သူ ၉၀ တို့က စိုက်ပျိုး ရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသန ဗဟိုဌာနစိုက်ကွင်း၌ မျိုးယှဉ်ပြိုင်စိုက်ပျိုးထားသည့် ရေငတ်ခံစပါးမျိုး(၄)မျိုးကို ကွင်းဆင်းလေ့လာကြရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် သုတေသီပညာရှင်များက စပါးမျိုးတစ်မျိုးချင်း၏ မျိုးဗီဇလက္ခဏာများ၊ သဘာဝမိုးရေတစ်မျိုးတည်းဖြင့်သာ စိုက်ပျိုးထားရှိမှုနှင့် လက်ရှိစိုက်ပျိုးမြေ၏ အစိုဓာတ်အခြေအနေများကို အသေးစိတ်ရှင်းလင်းပြသကြသည်။

ဆက်လက်၍ လေ့လာရေးတောင်သူများသည် စပါးမျိုးတစ်မျိုးချင်းမှ ထွက်ရှိသော ဆန်အား ချက်ထားသည့် ထမင်းများကို လက်တွေ့မြည်းစမ်းကြပြီး နှစ်သက်ရာစပါးမျိုးကို မဲပေးရွေးချယ်ခဲ့ကြသည်။

ရေငတ်ခံစပါးစိုက်ပျိုးခြင်းသည် ရေလိုအပ်ချက်နည်းပြီး မိုးခေါင်ဒဏ်၊ အပူဒဏ်ခံနိုင်ရည်ရှိသဖြင့် မိုးရေရရှိမှုနည်းပါးသော မြေပြန့်ဒေသများတွင် စိုက်ပျိုးနိုင်ခြင်း၊ သက်တမ်းတိုခြင်း၊ မြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်ပြီး မီသိန်းဓာတ်ငွေ့ ထုတ်လုပ်မှုနည်းပါးမှုကြောင့် ရာသီဥတုပြောင်းလဲမှုအပေါ် သက်ရောက်မှုကို နည်းပါးစေခြင်း စသည့် အားသာချက်များရှိနေသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသတွင် စိုက်ပျိုးထုတ်လုပ်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယနေ့ကွင်းဆင်းမျိုးရွေးချယ်ရန် စိုက်ပျိုးထားသော ယာစပါးမျိုးစိုက်ခင်းများကို ဆည်ရေမသွင်းဘဲ သဘာဝမိုးရေတစ်မျိုးတည်းဖြင့်သာ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ပညာရှင်များ၏ ကွင်းဆင်းလေ့လာချက်အရ ရေနံချောင်း၊ ချောက်မြို့နယ်များ၌ သဘာဝအတိုင်းရရှိသည့် မိုးရေဖြင့် စိုက်ပျိုးနိုင်သော စပါးမျိုးများဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 14, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


Posted on Sep 13, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Sep 12, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Sep 11, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 10, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Sep 09, 2025
AnnouncementsExplore more >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

Posted on Sep 13, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်

Posted on Sep 13, 2025

ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Posted on Sep 12, 2025

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း