တံတားဦးမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးအပ်

တံတားဦးမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးအပ်


Ministry of Information/ Naypyitaw / October 02, 2024
image_latest


တံတားဦး အောက်တိုဘာ ၂

တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပွားသည့် ရေဘေးသင့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်(၆)နာရီခွဲအချိန်က တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမတွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားပြီး ရေဘေးသင့်ပြည်သူတစ်ဦးအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ စည်သွပ်ဘူးများ ထောက်ပံ့နှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့တို့က ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ အဝတ်အထည်၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်များကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးမှ  ရေဘေးသင့်တောင်သူများအတွက်မျိုးစေများကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းမှ ရေဘေးသင့်တောင်သူများအတွက် သဘာဝရွက်ဖြန်းဓါတ်မြေဩဇာများကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးမှ ရေဘေးသင့်ပြည်သူများအတွက် ပျက်စီးခဲ့သည့် နိုင်သားစိစစ်ရေးကတ်ပြားကိုလည်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းမှ ရေဘေးသင့်တောင်သူများအတွက် စိုက်ပျိုးရေးသုံးဆေးဖြန်းပုံးများကိုလည်းကောင်း အသီးသီးပေးအပ်ကြရာ ရေဘေးသင့်ပြည်သူများမှ အသီးသီးလက်ခံရယူကြပြီး ရေဘေးသင့်ပြည်သူများကိုယ်စား တံတားဦးမြို့နယ် ခင်လူးလေးကျေးရွာ ဦးဆန်းမင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည် ။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တံတားဦးမြို့နယ်တွင် သဘဝဘေးကြောင့် ရေဘေးသင့်ပြည်သူများ အတွက်ဆန် (၁၁၀) အိတ်၊ စည်သူသွတ်ဗူး (၂၅၂၀) ဗူး၊  ဆီ (၁၀) ပိဿာ၊ ဆီ၅၀ကျပ်သားဗူး (၂၄၀) ဗူး၊ ရေသန့် (၀.၅) လီတာကတ် (၁၀၀) ကတ်၊ ရေသန့် (၁) လီတာကတ် (၂၅၀) ကတ်၊ ခေါက်ဆွဲခြောက် (၂၅) ဖာ၊ မုန့်အစုံ (၅) ဖာ၊ တီရှပ်အင်္ကျီအထည် (၂၅၀)၊ ကျား/မကလေးဝတ်အင်္ကျီအထည် (၆၀၀)၊ ခေါင်းအုံး(၁၀)လုံး၊ ဆေးဖြန်းပုံး(၅)ပုံး၊ နေကြာမျိုးစေ့ (3kg) (၃၀) အိတ်၊ ပိုက်ဆံလျှော်မျိုးစေ့ ၄ပြည်ပါ (၁၀) အိတ်နှင့် ရွက်ဖြန်းအားဆေး (၂၅) ဗူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


Posted on Jun 09, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Posted on Jun 05, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Posted on Jun 04, 2026
AnnouncementsExplore more >

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

Posted on Jun 8, 2026

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

Posted on Jun 8, 2026

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း

Posted on Jun 4, 2026

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း