ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သော (၄၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (43rd ASEANAPOL Conference) သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သော (၄၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (43rd ASEANAPOL Conference) သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 08, 2025
image_latest


နေပြည်တော်  နိုဝင်ဘာ ၈

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ Grand Hyatt Erawan ဟိုတယ်၌ ၂၀၂၅ ခုနစ်၊ နိုဝင်ဘာလ ၃ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော (၄၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (43rd ASEANAPOL Conference) သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်၊ နံနက်ပိုင်းတွင်ပြုလုပ်ခဲ့သော ညီလာခံဖွင့်ပွဲအခမ်းအနား၌ ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့၊ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Kittharath Punpetch က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Anutin Charnvirakul က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ညီလာခံသို့ အာဆီယံရဲအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များ၊ ဒုတိယရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံးမှ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးနှင့်အရာရှိများ၊ ဆွေးနွေးဘက်များဖြစ်ကြသော ဩစတြေးလျနိုင်ငံ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ တူကီယဲနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ အမေရိကန်အမျိုးသားထောက်လှမ်းရေးဗျူရို (Federal Bureau of Investigation-FBI) နှင့် လေ့လာဖက်များဖြစ်ကြသော ကနေဒါနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာရဲချုပ်များအသင်း (International Association of Chiefs of Police-IACP)၊ ပြင်သစ်နိုင်ငံ၊ ဖီဂျီနိုင်ငံ၊ တီမောလက်စ်တီနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross-CRC)၊ အီတလီနိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ပင်လယ်ကွေ့နိုင်ငံရဲတပ်ဖွဲ့များပူးပေါင်းဆောင်ရွက်ရေးကောင်စီ (Gulf Cooperation Council Police-GCCPOL) တို့မှ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်များ၊ ဒုတိယရဲချုပ်များ၊ အကြီးတန်းရဲအရာရှိကြီးများနှင့်ကိုယ်စားလှယ်များ၊ စုစုပေါင်း ၂၂၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ညီလာခံဖွင့်ပွဲအခမ်းအနားပြီးနောက် ကော်မရှင် အေ၊ ဘီ၊ စီ အစည်းအဝေးများကို သီးခြားစီကျင်းပပြုလုပ်ခဲ့ကြပြီး အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ သက်ဆိုင်ရာအဆင့်မြင့်ရဲအရာရှိကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးများ၌ မူးယစ်ဆေးဝါးကုန်ကူးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်မှုခင်း၊ ငွေကြေးဆိုင်ရာမှုခင်း၊ ဆိုက်ဘာမှုခင်း၊ ပင်လယ်ရေကြောင်းဆိုင်ရာမှုခင်းစသည့် မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအပြင် အာဆီယံရဲအဖွဲ့အီလက်ထရောနစ်သတင်းအချက်အလက်စနစ် (Electronic ASEANAPOL Database System-e-ADS) အသုံးပြုမှုမြှင့်တင်ရေး၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန်အကူအညီပေးရေး (Mutual Assistance in Criminal Matters)၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများအကြား သင်တန်းသားများအပြန်အလှန်စေလွှတ်ရေးနှင့် အာဆီယံရဲအဖွဲ့၏ မှုခင်းဆေးသိပ္ပံကွန်ရက် (ASEAN Police Forensic Science Network- APFSN) အသုံးပြုမှုမြှင့်တင်ရေး စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နှင့် လေ့လာဖက်နိုင်ငံ/အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ရသော ပထမအကြိမ်စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေး၌ (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ကအဖွင့်အမှာစကားပြောကြားပြီး (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံပူးတွဲကြေညာချက် (42rd Joint Communique-42rd JC) အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေ အစီရင်ခံစာအကျဉ်းချုပ်ကိုဖတ်ကြားခဲ့ပါသည်။ ယင်းနောက် အာဆီယံရဲအဖွဲ့ညီလာခံ ဥက္ကဋ္ဌတာဝန်အား ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့၊ ရဲချုပ်ထံသို့ အစီရင်ခံစာအကျဉ်းချုပ်နှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ (၁၄)ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး၌ ဆွေးနွေးခဲ့သည့်အချက်များကို ထပ်မံဆွေးနွေးအတည်ပြုသည့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးမှုကို ကျင်းပပြုလုပ်ခဲ့ပါသည်။ (၁၄)ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဆက်လက်၍ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် ဆွေးနွေးဖက် နိုင်ငံ/အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး၌ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ကော်မရှင် အေ၊ ဘီ၊ စီ အစည်းအဝေးများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပါသည်။ နေ့လယ်ပိုင်းတွင် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံးမှအလုပ်အမှုဆောင်ညွှန်ကြားရေးမှူးတို့က ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်ထံသွားရောက်တွေ့ဆုံဂါရဝပြုခဲ့ကြပါသည်။

နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယအကြိမ်စုံညီအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး၌ ကော်မရှင် အေ၊ ဘီ၊ စီ အစည်းအဝေးများမှရလဒ်များနှင့် (၄၃)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံပူးတွဲကြေညာချက်တွင် ထည့်သွင်းမည့်အချက်များကို သက်ဆိုင်ရာအစည်းအဝေးသဘာပတိများက ရှင်းလင်းဖတ်ကြားတင်ပြခဲ့ကြပါသည်။ မွန်းလွဲပိုင်းတွင် ညီလာခံပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး (၄၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံပူးတွဲကြေညာချက် (43rd Joint Communique- 43rd JC) အား အာဆီယံရဲအဖွဲ့ဝင် ၁၀ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များကလက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါ 43rd JC ၏ နောက်ဆက်တွဲအဖြစ် ပူးတွဲဖော်ပြမည့် အွန်လိုင်းအသုံးပြုလိမ်လည်မှု ကျူးလွန်နေသော အဖွဲ့အစည်းများအား နှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာပူးတွဲကြေညာချက် (Bangkok Joint Declaration on eliminating scam centres linked to trafficking in persons for forced criminality) အတည်ပြုခဲ့ကြပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိပါသည်။

 


၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။