ထိုင်းနိုင်ငံ၌ ကျင်းပသည့် အာရှကျောင်းများဖိတ်ခေါ် (တာတို) ရေကူးပြိုင်ပွဲတွင်မြန်မာရေကူးအားကစားသမားများ ရွှေလေးခု၊ ငွေနှစ်ခုနှင့် ကြေးရှစ်ခု ဆွတ်ခူးရရှိ
ထိုင်းနိုင်ငံ၌ ကျင်းပသည့် အာရှကျောင်းများဖိတ်ခေါ် (တာတို) ရေကူးပြိုင်ပွဲတွင်မြန်မာရေကူးအားကစားသမားများ ရွှေလေးခု၊ ငွေနှစ်ခုနှင့် ကြေးရှစ်ခု ဆွတ်ခူးရရှိ
Ministry of Information/ Naypyitaw / September 11, 2025

ရန်ကုန် စက်တင်ဘာ ၁၀
ထိုင်းနိုင်ငံဗန်ကောက်မြို့၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၆ ရက်မှ ၇ ရက်အထိကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် အာရှကျောင်းများဖိတ်ခေါ် (တာတို)ရေကူးပြိုင်ပွဲ Asian Open Schools Invitational(Short Course) Swimming Championships 2025 တွင် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် Sakura Swimming Club မှ ရေကူးကစားသမားများက ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်ရှစ်ခု စုစုပေါင်းဆုတံဆိပ် ၁၄ ခုရရှိခဲ့ကြောင်းသိရသည်။
“မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်ကလည်း လူငယ်မျိုးဆက်သစ်တွေ ရွေးချယ်နေတဲ့အချိန်မှာ ကျွန်တော်တို့ ဆာကူရာကလပ်အသင်းအနေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်အောင်လို့ ဆောင်ရွက်ရင်းနဲ့ အခုလိုရခဲ့တာပါ၊ ကျွန်တော်တို့ပြိုင်တာ နှစ်ပွဲရှိသွားပါပြီ၊ ပထမအကြိမ်ပြိုင်တုန်းကတော့ အကြီးတန်းမှာ ငွေတံဆိပ်တစ်ခုရတယ်။ အငယ်တန်းမှာ ရွှေတံဆိပ်ရတယ်။ အခုဒီနှစ်ကျတော့ ကျွန်တော်တို့ အတန်းစုံပေါ့။ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်သုံးမျိုး လုံးရခဲ့ပါတယ်။ ဒီထဲမှာမှ ပထမဦးဆုံးရတဲ့ရွှေတံဆိပ်က အခုအသစ်စသင်တဲ့ ကလေးလေး ခြောက်နှစ်ကလေးလေးဖြစ်ပါတယ်”ဟု Sakura Swimming Club နည်းပြချုပ်၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးမြင့်လွင်ကပြောသည်။
အဆိုပါပြိုင်ပွဲသို့ အာရှနိုင်ငံကျောင်းများမှ ရေကူးကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ပြီး Sakura Swimming Club မှ ရေကူးကစားသမား ၁၉ ဦးနှင့် အုပ်ချုပ်နည်းပြများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
“အောင်မြင်မှုကိုပြောရရင်တော့ ကျွန်တော်တို့အတိုင်းမသိပျော်ရွှင်ပါတယ်။ ဒီပွဲပြီးသွားတာနဲ့ နောက်ပွဲတွေဆက်ပြီးလေ့ကျင့်ဖို့က ပြင်ဆင်ထားပြီးသားပါ၊ ကလေးတွေလည်း ခြောက်နှစ်ကနေ ၁၀ နှစ်အထိ ငယ်ရွယ်တဲ့အရွယ်တွေ တော်တော်လေးကောင်းတဲ့သူတွေများလာတဲ့အတွက် နောင်သက်တမ်းလိုက်တွေကနေ မြန်မာပြည်လက်ရွေးစင်တွေဖြစ်အောင် အာရှပြိုင်ပွဲတို့၊ ကမ္ဘာ့ပြိုင်ပွဲတို့ရောက်အောင် သွားနိုင်တဲ့ကလေးတွေဖြစ်အောင် ကျွန်တော်တို့တတ်စွမ်းသရွေ့ လုပ်ဆောင်သွားမှာပါ၊ ကျွန်တော်တို့လိုအပ်ချက်တွေရှိရင်လည်း အဖွဲ့ချုပ်ရဲ့ လမ်းညွှန်မှုကို ခံယူသွားမှာပါ” ဟု ဦးမြင့်လွင်က ဆက်လက်ပြောသည်။
ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ Sakura Swimming Club မှ ရေကူးကစားသမား ဇော်မျိုးထက်က ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ ဉာဏ်လင်းထူးက ကြေးတံဆိပ်တစ်ခု၊ ဇွဲညီဟိန်းက ကြေးတံဆိပ်တစ်ခု၊ ဆုပြည့်မွန်ဦးက ရွှေတံဆိပ်တစ်ခု၊ နွေးဧကရီရှိန်းက ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ အံ့ဘုန်းသော်က ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်လေးခုတို့ကို နိုင်ငံ့ဂုဏ်ဆောင် ဆွတ်ခူးနိုင်ခဲ့ကြကြောင်းသိရသည်။
အာကာစိုး
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Posted on Sep 14, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Posted on Sep 12, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Posted on Sep 11, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Sep 10, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Posted on Sep 13, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်
Posted on Sep 13, 2025ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
Posted on Sep 12, 2025မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း