ထုတ်ကုန်ပစ္စည်းများတွင် ကုန်ကြမ်းပစ္စည်းအမျိုးအမည်များကို ထုပ်ပိုးပစ္စည်းအပေါ်တွင် စားသုံးသူများသိရှိအောင် ထည့်သွင်းဖော်ပြ

ထုတ်ကုန်ပစ္စည်းများတွင် ကုန်ကြမ်းပစ္စည်းအမျိုးအမည်များကို ထုပ်ပိုးပစ္စည်းအပေါ်တွင် စားသုံးသူများသိရှိအောင် ထည့်သွင်းဖော်ပြ


Ministry of Information/ Naypyitaw / January 03, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကောင်စီဝင် ဦးဇေယျာလင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ဖောင်တော်ချက်မစေတီဝင်းအတွင်း၌ လယ်ဝေးမြို့နယ်အတွင်းရှိ MSME များမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချနေမှုအခြေအနေတို့ကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိပြီး ငွေကြေးအရင်းအနှီးရရှိရေးအတွက် ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း၊ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးအလိုက် MSME ထုတ်ကုန်ပစ္စည်းပြပွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိသည့်အပြင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲပြိုင်ပွဲများကိုလည်း ကျင်းပပေးလျက်ရှိကြောင်း၊ MSME များသည် နိုင်ငံတော်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီး၏ စီးပွားရေးကို ၉၀ ရာခိုင်နှုန်းကျော် အထောက်အကူပြုလျက်ရှိကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများသည် ဈေးကွက်ရှိမှသာ ရေရှည်ရပ်တည်နိုင်မည်ဖြစ်သဖြင့် MSME များမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများကို သုံးစွဲသူပြည်သူများ သိရှိနိုင်ရေးအတွက် ယခုလို ထုတ်ကုန်ပစ္စည်းပြပွဲပြိုင်ပွဲများကို ကျင်းပပေးခြင်း ဖြစ်ကြောင်း။

ထို့ပြင် ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်နေသည့် လုပ်သားများ၏ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်ပေးနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်သားများအား မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အသိအမှတ်ပြုလက်မှတ်ရရှိရေးအတွက် ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စက်မှုဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းစဉ်များကို ဒေသအရောက်သွားရောက်၍ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများအနေဖြင့် စားသုံးသူပြည်သူများ ယုံကြည်စိတ်ချစွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး သတ်မှတ်ထားသည့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများတွင် အသုံးပြုထားသည့် ကုန်ကြမ်းပစ္စည်း အမျိုးအမည်များကို ထုပ်ပိုးပစ္စည်းအပေါ်တွင် စားသုံးသူများ သိရှိအောင် ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ပစ္စည်းတူလျှင် ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းတူလျှင် အရည်အသွေးကောင်းမွန်ရမည်ဟု ရည်မှန်းချက်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်လုပ်သားများဖြင့် ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် ပြည်ပသို့ တင်ပို့နိုင်သည့် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယခု ကျင်းပသည့် MSME ထုတ်ကုန်ပစ္စည်းပြပွဲပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက်မှ လေးရက်အထိ လေးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြပွဲတွင် ထုတ်ကုန်ပစ္စည်းအမျိုးအစား ၁၆ မျိုးကို ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။