ဒက္ခိဏစက်မှုဇုန် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းရှိ၍ စုပေါင်းဆောင်ရွက်

ဒက္ခိဏစက်မှုဇုန် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းရှိ၍ စုပေါင်းဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 16, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၅

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံးသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်မှုလုပ်ငန်းရှင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စက်မှုဇုန်များ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ပြဋ္ဌာန်းထားရှိပြီးဖြစ်၍ ပြဋ္ဌာန်းချက်များနှင့်အညီ ဒေသဆိုင်ရာကော်မတီ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီတို့မှ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်အောင် အဓိကဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ပြင် စက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက်လည်း အမြဲမပြတ်စစ်ဆေးဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ဒက္ခိဏစက်မှုဇုန်အနေဖြင့် အခြေခံအဆောက်အအုံများ ပြည့်စုံကောင်းမွန်သဖြင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းရှိ၍ ညီညွတ်စွာဖြင့် စုပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။

စက်မှုဇုန်အတွင်းရှိ စက်ရုံတစ်ခုချင်းစီ၏ လအလိုက် ကုန်ထုတ်လုပ်မှု၊ ဝန်ထမ်းခန့်အပ်ထားမှု၊ ထုတ်ကုန်အမျိုးအစားတို့ကို ပြုစုထားရှိရမည့်အပြင် စက်မှုဇုန်၏ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်၍ သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုဇုန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အစဉ်အမြဲ စီမံဆောင်ရွက် သွားရန် လိုအပ်ကြောင်း။

 ထို့ပြင် စက်ရုံများအလိုက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်စဉ် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်း နိုင်ရန်နှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်တို့ အတွက် ဒေသတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် ချိတ်ဆက်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကိုလည်း စက်မှုဇုန်သို့ ဖိတ်ခေါ်၍ စက်မှုဇုန်၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေတို့ ကို ရှင်းလင်းပြသသွားရန် လိုအပ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် စက်မှုဇုန်နှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ခံဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် လိုအပ်ချက်များကို ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ချိတ်ဆက်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌက စက်မှုဇုန်အတွင်းရှိ စက်မှုဇုန်လုပ်ငန်းများ လည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ ပြဋ္ဌာန်းထားရှိသည့် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း၊ နေပြည်တော်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးက စက်မှုဇုန်အတွက် လိုအပ်သော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဂဟေဆက်ဘာသာရပ်၊ စိုက်ပျိုးရေးလုပ်ငန်းသုံး အင်ဂျင်အမျိုးမျိုး ပြုပြင်ထိန်းသိမ်းခြင်း ဘာသာရပ်၊ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း ဘာသာရပ်သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင် ရွက်ထားရှိမှုအခြေအနေတို့ကိုလည်းကောင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဘာသာ ရပ်အလိုက် တက်ရောက်မည့် သင်တန်းသားများ အချိန်မီစာရင်းပေးသွင်းနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရန်၊ တက္ကသိုလ်ဝင်တန်းတက်ရောက်ခဲ့ဖူးသည့်သူများအား ဝန်ကြီးဌာနမှ ဖွင့်လှစ်လျက်ရှိသည့် စက်မှုသင်တန်းကျောင်းများတွင် တက်ရောက်လေ့ကျင့်သင်ကြားနိုင်ရေး ကူညီဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။