ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ချိုးဖောက်ခြင်းတိုက်ဖျက်မှုဆိုင်ရာ မိတ်ဆက်ဆွေးနွေးပွဲကျင်းပ
ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ချိုးဖောက်ခြင်းတိုက်ဖျက်မှုဆိုင်ရာ မိတ်ဆက်ဆွေးနွေးပွဲကျင်းပ
Ministry of Information/ Naypyitaw / February 27, 2026
ရန်ကုန် ဖေဖော်ဝါရီ ၂၆
ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ချိုးဖောက်ခြင်းတိုက်ဖျက်မှု (Anti-Piracy) ဆိုင်ရာ မိတ်ဆက်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ Eravati Hotel ၌ ကျင်းပသည်။
တာဝန်ရှိသူများ တက်ရောက်
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာများအသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၊ ဒစ်ဂျစ်တယ်ကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (DPDC)၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ ဒါရိုက်တာများ၊ ရုပ်ရှင်ရုံလုပ်ငန်းရှင်များ၊ ရုပ်သံလိုင်းများ၊ ရုပ်ရှင်ဆင်ဆာ၊ ဗီဒီယိုဆင်ဆာအဖွဲ့ဝင်များ၊ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ထုတ်လွှင့်ပြသမည့် ရုပ်ရှင်ကားများ စိစစ်ရေးအဖွဲ့ဝင်များ စသည့်ဒစ်ဂျစ်တယ်မူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် အသင်းအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးရဲတင့်က ယနေ့ကာလတွင် တရားမဝင်ခိုးကူးဖြန့်ချိမှု (Digital Piracy) များသည် ပုံစံအမျိုးမျိုးဖြင့် အားကောင်းလာပြီး ဖန်တီးရှင်များ၏ အကျိုးစီးပွားကိုသာမက နိုင်ငံတော်၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကိုပါ ထိခိုက်မှုများရှိလာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ တရားမဝင်ခိုးကူးမှုများသည် ဖန်တီးရှင်များ၏ အားထုတ်မှုနှင့် အရင်းအနှီးကို တိုက်ရိုက်ခိုးယူခြင်းဖြစ်ပါကြောင်း၊ ယင်းမှာ မူပိုင်ခွင့်ချိုးဖောက်မှုထက်ကျော်လွန်ပြီး အနုပညာနှင့် နည်းပညာစနစ်တစ်ခုလုံးကို ပျက်စီးစေသည့် လုပ်ရပ်ပင်ဖြစ်ပါကြောင်း။
ထိုလုပ်ရပ်များကို ထိရောက်စွာမတားဆီးနိုင်ပါက အရည်အသွေးမြင့် ဖန်တီးမှုအသစ်များ ထွက်ပေါ်လာရန် အဟန့်အတားဖြစ်စေမည်ဖြစ်ပါကြောင်း၊ ရုပ်ရှင်လုပ်ငန်း၊ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများ၊ ဂီတလုပ်ငန်းများ၊ Software နှင့် Digital Content လုပ်ငန်းများက ယနေ့ခေတ်တွင် နိုင်ငံ့စီးပွားရေးအတွက် အရေးပါသည့် အခြေခံယန္တရားများအဖြစ် ပါဝင်လည်ပတ်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းများ၏ ဝင်ငွေသည်လည်း အများအားဖြင့် Broad-casting Rights နှင့် Digital Distribution ပေါ် တွင် အဓိကအားထားနေရပါကြောင်း။
နည်းပညာကာကွယ်ရေးကို တွဲဖက်အသုံးချ
Digital Piracy ပြဿနာသည် နိုင်ငံတစ်နိုင်ငံအတွင်းသာ ဖြစ်ပေါ်နေသည့် ပြဿနာမဟုတ်တော့ဘဲ နယ်စပ်ဖြတ်ကျော်ခြင်း၊ ပလက်ဖောင်းမျိုးစုံအသုံးပြုပြီး ချိုးဖောက်ခြင်း၊ Cloud စနစ်များ အသုံးပြုပြီး ချိုးဖောက်ခြင်းမှတစ်ဆင့် ဖြစ်ပေါ်နေသည့် အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာသည့်အတွက် မူပိုင်ခွင့်ကာကွယ်ရေးကို ဥပဒေတစ်ခုတည်းဖြင့်သာ မဖြေရှင်းနိုင်တော့ဘဲ နည်းပညာအခြေပြုကာကွယ်ရေးစနစ်များကို တစ်ပြိုင်နက်အသုံးချရန် လိုအပ်လာပါကြောင်း၊ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲတွင် အဆိုပါလိုအပ်ချက်များနှင့် ကိုက်ညီသည့် အရေးပါသော လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်၍ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ နည်းပညာပံ့ပိုးသူများ၊ ဖန်တီးသူများနှင့် ပြည်သူအားလုံးပူးပေါင်းလက်တွဲ၍ ဥပဒေစိုးမိုးမှုနှင့် နည်းပညာကာကွယ်ရေးကို တွဲဖက်အသုံးချ၍ လုံခြုံမှုရှိပြီး တရားမျှတသည့် ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်တစ်ရပ်ကို မြန်မာနိုင်ငံတွင် အတူတကွတည်ဆောက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ GTL Group of Companies ၏ Chairman ဒေါက်တာစိန်ထူးက ဆွေးနွေးပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး ရုရှားနိုင်ငံ၊ နည်းပညာဆိုင်ရာ နိုင်ငံပိုင်ကုမ္ပဏီဖြစ်သည့် Positive Technologies မှ Anti-Piracy Solu-tions ဆိုင်ရာ ကျွမ်းကျင်သူပညာရှင် Mr. Milogolov Sergey နှင့် Mr.Goncharov Stanislav Andree-vich တို့က ရုရှားနိုင်ငံနှင့် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ချိုးဖောက်ခြင်းတိုက်ဖျက်မှု (Anti-Piracy Solu-tions) ဆိုင်ရာ နည်းပညာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ ပါဝင်မေးမြန်းဆွေးနွေးကြပြီး နည်းပညာကျွမ်းကျင်သူများက Anti-Piracy Solutions ဆိုင်ရာ လက်တွေ့ဆောင်ရွက်နိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
နံနက်ပိုင်းကလည်း ဒုတိယဝန်ကြီးသည် ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းရှိ ဝဇီရာကဇာတ်ရုံအဆင့်မြှင့်တင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် မင်္ဂတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်းရှိ စာဆိုဗိမာန်ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ အဆောက်အအုံအရည်အသွေးပြည့်ဝစွာ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်မဖြစ်ပေါ်စေရေးတို့နှင့် စပ်လျဉ်း၍ မှာကြားခဲ့သည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
