ဒီဖိုရမ်ကနေတစ်ဆင့် တိုင်းရင်းသားလူငယ်အားလုံး ရင်ဘတ်ချင်းနီးပြီး ကိုယ်ချင်းစာတရား၊ စာနာစိတ်၊ လေးစားမှုတွေနဲ့ အတူယှဉ်တွဲနေထိုင်ရမယ်ဆို တာကို ပိုပြီးသိရှိလာရင် အားလုံးမျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးကြီး မြန်မြန်ရရှိလာမယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် ဒီဖိုရမ်က လူငယ်တွေအတွက် သာမက အားလုံးအတွက်အရေးပါတဲ့ အခမ်းအနားတစ်ခုဖြစ်ပါတယ်
ဒီဖိုရမ်ကနေတစ်ဆင့် တိုင်းရင်းသားလူငယ်အားလုံး ရင်ဘတ်ချင်းနီးပြီး ကိုယ်ချင်းစာတရား၊ စာနာစိတ်၊ လေးစားမှုတွေနဲ့ အတူယှဉ်တွဲနေထိုင်ရမယ်ဆို တာကို ပိုပြီးသိရှိလာရင် အားလုံးမျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးကြီး မြန်မြန်ရရှိလာမယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် ဒီဖိုရမ်က လူငယ်တွေအတွက် သာမက အားလုံးအတွက်အရေးပါတဲ့ အခမ်းအနားတစ်ခုဖြစ်ပါတယ်
Ministry of Information/ Naypyitaw / January 15, 2026
မယုဝဒီ
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-I)၌ သုံးရက်တာကျင်းပလျက်ရှိပြီး ဖိုရမ်အတွင်း လူငယ်များ၏ စုပေါင်းဆွေးနွေးမှုများမှရရှိလာမည့် အမြင်သဘောထားများ၊ အကြံပြုချက်များကို အနာဂတ်နိုင်ငံရေးအခင်းအကျင်းတွင် ထည့်သွင်းဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်သည်။
ယနေ့ ဖိုရမ်ဒုတိယနေ့တွင် အသိပညာရှင်၊ အတတ်ပညာရှင်လူငယ်များ၊ ကျွမ်းကျင်ပညာရှင် လူငယ်များ၊ ဝန်ကြီးဌာနများမှ အတွေ့အကြုံရှိသည့် ကိုယ်စားလှယ်များက သတ်မှတ်ခေါင်းစဉ်များအလိုက် ဆွေးနွေးခြင်း၊ ဖိုရမ်တက်ရောက်ကြသည့် လူငယ်ကိုယ်စားလှယ်များက ခေါင်းစဉ်အလိုက် အခန်းခွဲဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထိုသို့ဖိုရမ်အတွင်း ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ ကျွမ်းကျင်ပညာရှင်လူငယ်များ၊ ပါဝင်ဆွေးနွေးကြသူ လူငယ်များ၏ အမြင်သဘောထားများ၊ အကြံပြုချက်များကို ယခုကဲ့သို့ ကြားသိခဲ့ ရသည်။
မယုဝဒီ
ရန်ကုန်တိုင်းဒေသကြီး ကိုယ်စား ပြု လူငယ်ကိုယ်စားလှယ်
လူငယ်နဲ့ငြိမ်းချမ်းရေးဖိုရမ်ရဲ့ ဒုတိယမြောက်နေ့မှာ ပညာရှင်တွေရဲ့ ရှင်းလင်းဆွေးနွေးပြောကြားတဲ့ အချက်တွေဟာ ကျွန်မတို့လို လူငယ်တွေအတွက် အနှစ်သာရရှိပြီး တန်ဖိုးရှိတဲ့ အသိပညာတွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မငြိမ်းချမ်းတဲ့နေရာတွေ ရှိနေသေးတဲ့အတွက် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဟောပြောချက်တွေကို ပိုပြီးသဘောကျပါတယ်။ လူငယ်တွေက ဆိုရှယ်မီဒီယာနဲ့ နည်းပညာတွေကို အသုံးပြုများလာတဲ့အတွက် နည်းပညာပိုင်းနဲ့ပတ်သက်ပြီး ဟောပြောချက်တွေကိုလည်း အားရကျေနပ်ပါတယ်။ ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့စကားအတိုင်း လူငယ်တွေက နိုင်ငံတစ်နိုင်ငံအတွက် အဖိုးတန်တဲ့ လူသားအရင်းအမြစ်ဖြစ်ပါတယ်။ အခုလိုဖိုရမ်တွေကနေတစ်ဆင့် ထူးချွန်ထက်မြက်တဲ့ လူငယ်တွေကို မွေးထုတ်ပေးနိုင်တယ်လို့ ယုံကြည်တယ်။ ဒီလို မျိုးအတွေ့အကြုံ ဗဟုသုတတွေပြည့်စုံမှ နိုင်ငံအတွက် အနာဂတ်ခေါင်းဆောင်ကောင်းတွေ ရရှိလာ မှာဖြစ်ပါတယ်။
ဖိုရမ်မှာ အားလုံးက တက်တက်ကြွကြွရှိကြတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက လူငယ်တွေအချင်းချင်း မျှဝေတာတွေ၊ ခံယူချက်၊ ခံစားချက်တွေနဲ့ ပညာရှင်တွေရဲ့ ဆွေးနွေးမှုကရရှိတဲ့ အသိပညာဗဟုသုတတွေပေါင်းစပ်ပြီး နိုင်ငံရဲ့တစ်ထောင့်တစ်နေရာမှာ အားဖြည့်သွားမယ့် လူငယ်တွေဖြစ်လာမယ်လို့ထင်ပါတယ်။ ဒီဖိုရမ်ကနေတစ်ဆင့် တိုင်းရင်းသား လူငယ်အားလုံး ရင်ဘတ်ချင်းနီးပြီး ကိုယ်ချင်းစာ တရား၊ စာနာစိတ်၊ လေးစားမှုတွေ နဲ့ အတူယှဉ်တွဲနေထိုင်ရမယ်ဆိုတာကို ပိုပြီးသိရှိလာရင် အားလုံးမျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးကြီး မြန်မြန်ရရှိလာမယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် ဒီဖိုရမ်က လူငယ်တွေအတွက်သာမက အားလုံးအတွက် အရေးပါတဲ့ အခမ်းအနားတစ်ခုဖြစ်ပါတယ်။ နောင်မှာလည်း လူငယ်တွေအတွက် ဒီလိုဖိုရမ်တွေ မကြာခဏကျင်းပပေးဖို့ နိုင်ငံတော်အကြီးအကဲတွေကို ဆန္ဒပြုတင်ပြလိုပါတယ်။
မနန်းကြူကြူဝင်း
ကရင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်
လူငယ်နဲ့ ငြိမ်းချမ်းရေးဖိုရမ် ကနေ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေကို စနစ်တကျ လက်ဆင့်ကမ်းပေးနိုင်မယ်လို့ ယုံကြည်မိတဲ့အတွက် ဒီဖိုရမ်ကို တက်ရောက်ခွင့်ရတဲ့အပေါ် လူငယ်တစ်ဦးအနေနဲ့ အင်မတန်ဝမ်းသာမိပါတယ်၊၊ ကိုယ့်ပတ်ဝန်းကျင်မှာ ငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့ လုပ်ဆောင်ချက်တွေကို သေချာ မသိသေးတဲ့သူတွေရှိနေပါတယ်။ ဒါကြောင့်ဒီကနေသိရှိတဲ့ငြိမ်းချမ်းရေး အသိပညာဗဟုသုတတွေကို လက်ဆင့်ကမ်း ဆွေးနွေးပြောပြ ချင်ပါတယ်။ ဒီအတွက် ဖိုရမ်ကနေ နည်းလမ်းများစွာရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ လူငယ်တွေဆီကို ငြိမ်းချမ်းရေးအသိတွေ ရောက်ရှိသွားမယ်ဆိုရင် တစ်ထောင့် တစ်နေရာကနေ လူငယ်တွေရဲ့ အားနဲ့ နိုင်ငံငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင်လုပ်ဆောင်ပေးလာနိုင်မယ်လို့ ယုံကြည်မိပါတယ်၊၊ ပြီးတော့ လူငယ်တွေက နိုင်ငံရေးသမားမဟုတ်သလို ပါတီတွေမှာလည်း ပါဝင်ဆောင်ရွက်နေတာ မဟုတ်တဲ့သူတွေ ဖြစ်တဲ့အတွက် လူငယ်တွေရဲ့အင်အားနဲ့ ငြိမ်းချမ်းရေးရရှိဖို့ လုပ်ဆောင်တဲ့နေရာမှာအများကြီး အထောက်အကူဖြစ်စေမယ်လို့ ထင်မြင်မိပါတယ်၊၊
မောင်ခန့်ဖြိုးကျော်
ချင်းပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်
လူငယ်နဲ့ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကနေ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုရရှိစေပြီး ငြိမ်းချမ်းရေးအသိပညာ ဗဟုသုတများစွာနဲ့ နိုင်ငံချစ်စိတ်တွေ ပိုမိုဖြစ်ထွန်းလာစေမှာ ဖြစ်ပါတယ်၊၊ ကျွန်တော့်အနေနဲ့ ဒီဖိုရမ်ကနေ မြန်မာနိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းစေချင်ပါတယ်၊၊ အခုလို ငြိမ်းချမ်းရေးဖိုရမ်တွေ၊ ငြိမ်းချမ်း ရေးအသိပညာပေးပွဲတွေ များများပြုလုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်၊၊ လူငယ်တစ်ဦးအနေနဲ့ ခံစားမိတာက လှောင်အိမ်ထဲမှာ သော့ခတ်ခံထားရတဲ့ ငှက်လေးတွေလို မဖြစ်ချင်ပါဘူး၊ လွတ်လပ်ပျော်ရွှင်စွာ ပျံသန်းနိုင်တဲ့ ငှက်လေးတွေလိုမျိုး ဖြစ်ချင်ပါတယ်၊၊ ဒါကြောင့် ငြိမ်းချမ်းမှုအမြန်ဆုံးရရှိပြီး လူငယ်တွေအတွက် မြင့်မြင့်ပျံသန်းနိုင်တဲ့ အခွင့်အလမ်းတွေ ရရှိချင်ပါတယ်။
မောင်ဟိန်းထက်ဇော်
ရခိုင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်
လူငယ်နဲ့ ငြိမ်းချမ်းရေးဖိုရမ်က ဒုတိယနေ့ကို ရောက်ရှိလာပါပြီ၊၊ ဒုတိယနေ့မှာ Speaker တွေ ဆွေးနွေးသွားတဲ့ အပေါ်မှာ အတွေ့အကြုံတွေ၊ အသိပညာဗဟု သုတတွေများစွာရရှိပါတယ်။ နိုင်ငံတော်ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ကျွန်တော်တို့လူငယ်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိအရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေတယ်ဆိုတာကို သိရှိခွင့်ရခဲ့တယ်၊၊ ဒီငြိမ်းချမ်းရေးဖိုရမ်က လူငယ်တွေပါဝင်မှုအစလို့ ထင်မြင်မိပါတယ်၊၊ ဒီအပေါ်မှာ လူငယ်တစ်ယောက်အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်၊၊ ရှေ့ဆက်ပြီး နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည်ထူထောင်ရေးကဏ္ဍတွေမှာ လူငယ်တစ်ယောက်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်ဆောင်ရွက် သွားချင်ပါတယ်၊၊
ဒီကနေ့ ပါဝင်ဆွေးနွေးရတဲ့ Group အလိုက် ဆွေးနွေးမှုမှာဆိုရင် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ မူးယစ်ဆေးဝါး အခန်းကဏ္ဍတွေကို ဆွေးနွေးသွားကြတယ်။ ဆွေးနွေးသွားကြတဲ့အပေါ် အမြင်သဘောထားတွေ မတူကွဲပြားနေတာကို တွေ့မြင်ရပြီး မတူညီတဲ့ အမြင်သဘောထားတွေ ဖလှယ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လမ်းစဉ်တွေရဲ့ လမ်းစတစ်ခုကို ရောက်ရှိမယ်လို့ ထင်မြင်မိပါတယ်၊၊
နိုင်ငံတော် အကြီးအကဲကလည်း လူငယ်တွေကိုနေရာပေးဖို့ အချိန်တန်ပြီလို့ ပြောကြားသွားတာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ လူငယ်တွေအပေါ်မှာ နိုင်ငံတော်အကြီးအကဲတွေရဲ့ထားရှိတဲ့ စေတနာနဲ့ဘယ်လောက်အထိ အလေးထားတယ်ဆိုတာတွေကို တွေ့မြင်ခံစားရပါတယ်၊၊ ဒီဖိုရမ်ကနေ လူငယ်တွေကိုနေရာပေးပြီး အခွင့်အလမ်းတွေကို ဖွင့်လှစ်ပေးတဲ့အတွက် လူငယ်တွေအားလုံးကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်၊၊ ဒီဖိုရမ်ကနေတစ်ဆင့် မတူညီမှုတွေကိုလက်ခံပြီး တူညီတဲ့လမ်းစဉ်ကနေ ငြိမ်းချမ်းရေးဆီကို အတူတကွ လျှောက်လမ်းသွားကြမယ်လို့ ပြောကြားချင်ပါတယ်၊၊
ဒေါက်တာသုတအောင်
(စီးပွားရေးပညာရှင်) မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်
ဒီဖိုရမ်မှာ Speaker တစ်ယောက်အနေနဲ့ အလုပ်အကိုင်ဖန်တီးရေး အကြောင်းအရာကို ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်စပ်ပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ အရင်ပဋိပက္ခဖြစ်ခဲ့ဖူးတဲ့နိုင်ငံတွေမှာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဋိပက္ခရှိနေသော်လည်း ဖွံ့ဖြိုးရေးကို လူငယ်တွေ ပါဝင်လုပ်ဆောင်သွားခဲ့တဲ့အကြောင်းအရာတွေ၊ ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အပံ့ဖြစ်စေတဲ့ အကြောင်းအရာတွေ၊ ဒေသတွင်းဆင်းရဲမှုကို လျှော့ချပြီး အလုပ်အကိုင်ပိုမိုဖန်တီးနိုင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးမျှဝေသွားမှာဖြစ်ပါတယ်။ လူငယ်တွေက ကိုယ့်နိုင်ငံနဲ့ ကိုယ့်ရပ်ရွာဒေသတွေကို ဖွံ့ဖြိုးတိုးတက်စေချင်ကြတယ်။ မြန်မာနိုင်ငံမှာ လူငယ်တွေ ဦးဆောင်ပြီး ဖွံ့ဖြိုးရေးလုပ်လို့ရတဲ့ အခွင့် အလမ်းတွေအများကြီးရှိပါတယ်။ ဒီအတွက် အကူအညီပေးမယ့်သူ တွေရှိပါတယ်။ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ မွေးထုတ်ပေးနိုင်မယ့်သူတွေနဲ့ ချိတ်ဆက်ပေးဖို့ လိုအပ်တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အကူအညီပေးဖို့အသင့်ရှိနေပါတယ်။ လူငယ့်အားမာန်တွေကို ပါဝင်ဖြည့်ဆည်းပေးဖို့ အမြဲတမ်းကြိုဆိုနေပါတယ်။ လူငယ်တွေစုပေါင်းပြီး အသစ်တွေဖန်တီးခြင်းနဲ့အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်
ဓာတ်ပုံ - အောင်မင်းထွန်း
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
Posted on Jan 15, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Jan 14, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
Posted on Jan 12, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 11, 2026
စာမေးပွဲဖြေဆိုရန်အသိပေးကြော်ငြာခြင်း
Posted on Jan 15, 2026ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းခေါ်ယူခြင်း
Posted on Jan 15, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၃-၁-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသောအမှုများစာရင်း
Posted on Jan 14, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၃-၁-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသောအမှုများစာရင်း
