ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း (တတိယအကြိမ်) ကြည့်ရှုအားပေး
ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း (တတိယအကြိမ်) ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / April 28, 2026
နေပြည်တော် ဧပြီ ၂၇
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း (တတိယအကြိမ်) ကို ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၁၄) တွင် ဖွင့်လှစ်သည်။
ဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ယခုဖွင့်လှစ်သည့် သင်တန်းသည် နိုင်ငံတော်သမ္မတက “ကျောင်းမတက်မီ ရှေးဦးသူငယ်ဘဝကတည်းက မူလတန်းမတက်မီ မူကြိုတက်ခဲ့ကြသည့် ကလေးများ အခြေခံကောင်းကြသည်ကို တွေ့ရပါကြောင်း၊ မူကြိုတက်ခဲ့သည့် ကလေးများမှာ မူလတန်းကအစပညာရေးတွင် ပိုမိုပညာလိုလားကြသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မူကြိုကျောင်းများတွင် ကလေးသူငယ်ပြုစုပျိုးထောင်ရေးကို သက်ဆိုင်ရာဝန်ကြီးဌာနက အလေးထား ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊ ထိရောက်သည့် မူကြိုကျောင်းဖြစ်ရန် Early Childhood Care and Development ဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးကြရန်” လမ်းညွှန်မှာကြားချက်အပေါ် အလေးထားအကောင်အထည်ဖော်ဆောင်ရွက်သည့် သင်တန်းဖြစ်ပါကြောင်း။
ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်၍ KG နှင့် Grade-1 တက်ရောက်သည့် ကလေးသူငယ်များအတွက် အကူးအပြောင်းကာလတွင် အဆင်ပြေချောမွေ့ရေးနှင့် ကျောင်းနေပျော်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကလေးများ ဖြစ်လာစေရေးကို ဦးစားပေးဆောင်ရွက်ပေးနိုင်ရန် ယခုသင်တန်းကို ဘာသာရပ်များ ပြင်ဆင်ရေးဆွဲပြီး ပို့ချခဲ့ခြင်းဖြစ် ပါကြောင်း၊ သင်တန်းတွင် ပို့ချပေးလိုက်သည့် ကလေးစောင့်ရှောက်ရေးနည်းပညာများကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချခြင်းဖြင့် မိမိတို့နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အကျိုးပြုမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းသို့ တက်ရောက်လာသော ဆရာ ဆရာမများက မိတ်ဆက်ကြပြီး ဒုတိယဝန်ကြီးက သင်တန်း၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ သင်တန်းကို ဧပြီ ၂၇ ရက်မှ မေ၂၃ ရက်အထိ တစ်လတာဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား သင်တန်းသူ ၆၁ ဦးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သင်တန်းသား သင်တန်းသူ ၂၅ ဦး စုစုပေါင်း ၈၆ ဦးဖြင့် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
Posted on Apr 27, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
Posted on Apr 27, 2026ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
Posted on Apr 27, 2026ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
