ဒုတိယဝန်ကြီးဦးထိန်လင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း၊ အားကစားရုံများ ကြံ့ခိုင်မှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီးဦးထိန်လင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း၊ အားကစားရုံများ ကြံ့ခိုင်မှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / September 04, 2025

ရန်ကုန် စက်တင်ဘာ ၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ မြို့နယ်အားကစားကွင်း၊ ကာယဗလလေ့ကျင့်ရေးရုံများ ကြံ့ခိုင်မှုအခြေအနေ၊ ပြည်ခရိုင် အားကစားကွင်းပွဲကြည့်စင်နှင့် အားကစားကွင်း ပြင်ဆင်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပြည်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
ထို့နောက် ရွှေတောင်မြို့ရှိ အားကစားကွင်း၊ အားကစားရုံများ ကြံ့ခိုင်မှုအခြေအနေနှင့် နတ်တလင်းမြို့ရှိ အားကစားကွင်းကြံ့ခိုင်မှုအခြေအနေ၊ ဇီးကုန်းမြို့နှင့် ကြို့ပင်ကောက်မြို့ရှိ အားကစားကွင်းများ ကြံ့ခိုင်မှုအခြေအနေ၊ သာယာဝတီမြို့ရှိ အားကစားရုံနှင့် ခရိုင်အားကစားကွင်းကြံ့ခိုင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သာယာဝတီခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Posted on Sep 4, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Sep 5, 2025ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးသုံး/ လုပ်ငန်းသုံးပရိဘောဂပစ္စည်း (၂၉) မျိုးမှ ပစ္စည်း (၂၃)မျိုးအား ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၄-၈-၂ဝ၂၅) ရက် နံနက် (၁ဝ : ဝဝ) နာရီတွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၁၂/၂ဝ၂၅) ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည်-
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)
Posted on Sep 5, 2025ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)