ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဆိုချီမြို့၌ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ဇီဝလုံခြုံမှုညီလာခံပိတ်ပွဲတက်ရောက်

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဆိုချီမြို့၌ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ဇီဝလုံခြုံမှုညီလာခံပိတ်ပွဲတက်ရောက်


Ministry of Information/ Naypyitaw / June 16, 2025
image_latest


နေပြည်တော် ဇွန် ၁၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့နိုဗိုတယ်ဟိုတယ်၌ ကျင်းပလျက်ရှိသော 5th International Scientific and Practical Conference “Global Biosecu-rity Challenges, Problems and Solutions” ညီလာခံ၏ ဒုတိယနေ့အစီအစဉ်များကို ဇွန် ၁၁ က ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဆက်လက်တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီးသည် ဇီဝလုံခြုံမှုကဏ္ဍအတွက် နည်းပညာဆိုင်ရာ အခွင့်အလမ်းသစ်များနှင့် ထိခိုက်မှုအန္တရာယ်များ ပေါ်ထွန်းလာမှု (ဉာဏ်ရည်တုနည်းပညာနှင့် ဒြပ်ပေါင်းဇီဝဗေဒ) [New Oppor-tunities and Emerging Risks of Technology in the Context of Biosecurity: Artificial Intelligence and Synthetic Biology] ခေါင်းစဉ်ဖြင့် ရုရှားရှိ ဗိုင်းရပ်စ်ဗေဒသိပ္ပံ၊ ဇီဝအော်ဂင်း နစ်သုတေသနဌာန၊ မိုက်ခရိုအော်ဂင်းနစ် သုတေသနဌာန၊ မော်လီကျူးယန္တရား သုတေသနဌာန၊ ဓာတုနှင့် ဇီဝအန္တရာယ်များ ကာကွယ်ထိန်းချုပ်‌ရေး ဗဟိုသုတေသနသိပ္ပံတို့မှ ပညာရှင်များ၏ ဆွေးနွေးပွဲသို့ လည်းကောင်း ညီလာခံ၏ Session 6 အဖြစ် ကျင်းပသော BTWC ၏ Article X အရ နိုင်ငံတကာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ခေါင်းစဉ်ဖြင့် ရုရှား၊ တရုတ်၊ အာရှ-ပစိဖိတ်နှင့် အာဖရိကတို့ရှိ BTWC ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများ၏ ဆွေးနွေးပွဲကို လည်းကောင်း၊ Amphitheatre ခန်းမ၌ကျင်းပသည့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဇီဝလုံခြုံမှုအတွက် နည်းပညာတီထွင်ဆန်းသစ်မှုများ (Innovations for Regional and Global Biosecu-rity) ခေါင်းစဉ်ဖြင့်ကျင်းပသော Plenary Session II ကိုလည်းကောင်း တက်ရောက်ခဲ့သည်။

ဆက်လက်၍ ယင်းခန်းမ၌ ညီလာခံပိတ်ပွဲ အခမ်းအနားကို ကျင်းပရာ ညီလာခံ၏ Session ခြောက်ခုမှ ဆွေးနွေးပွဲညှိနှိုင်း ကွပ်ကဲသူခြောက်ဦးတို့က ဆွေးနွေးပွဲရလဒ်များကို အနှစ်ချုပ်ပြန်လည် ရှင်းလင်းတင်ပြကြပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Mr. Sergey Ryabkov က နိဂုံးချုပ်အမှာစကားပြော ကြားခဲ့သည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Jun 17, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Jun 16, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 15, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


Posted on Jun 14, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


Posted on Jun 13, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Jun 11, 2025
AnnouncementsExplore more >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

Posted on Jun 14, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

Posted on Jun 13, 2025

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊  သာမန်အသုံး စရိတ်ဖြင့် စက္ကူနှင့်ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၁၁-၆-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ၏  ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည် -

HOT NEWS
January 4,