ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကွန်ပျူတာတက္ကသိုလ်(ပြည်) ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကွန်ပျူတာတက္ကသိုလ်(ပြည်) ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / September 18, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာတက္ကသိုလ်(ပြည်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ တက္ကသိုလ်ပင်မဆောင်၌ ကျောင်းသား ကျောင်းသူများ ခင်းကျင်းပြသထားသော ပြည်မြို့လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးအပါအဝင် တန်ခိုးကြီးဘုရားများဆိုင်ရာ Pagoda Digital Directory Website ဆောင်ရွက်ပြီးစီးမှု၊ ကမ္ဘာ့အမွေအနှစ်ဒေသ သရေခေတ္တရာမြို့ဟောင်းနှင့် အခြားဒေသများကို Website နှင့် QR code များ ဆောင်ရွက်ပြီးစီးမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ဆိုလာစွမ်းအင်စနစ်တွက်ချက်မှုများ၊ လုံခြုံရေးစနစ်များ၌ AI နည်းပညာအသုံးပြု သုတေသနလုပ်ငန်းများမှ ရလဒ်များကို ကြည့်ရှုစစ်ဆေးပြီး သုတေသနဂုဏ်ပြုဆုများ၊ နည်းပညာ၊ သုတနှင့် ရသစာအုပ်များကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် အစိုးရနည်းပညာအထက်တန်းကျောင်း(ပြည်)၌ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ၊ သုတနှင့် ရသစာအုပ်များကို ပေးအပ်သည်။

ယင်းနောက် ပြည်နည်းပညာတက္ကသိုလ်ရှိ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာနက ဆောင်ရွက်ထားသော ဆိုလာထုတ်လုပ် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ထိန်းချုပ်စနစ်၊ မြို့ပြအင်ဂျင်နီယာဌာန၊ စက်မှုအင်ဂျင်နီယာဌာန၊ စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာဌာန၊ သုတနည်းပညာအင်ဂျင် နီယာဌာနတို့ရှိ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ခင်းကျင်းပြသထားသော သုတေသနလုပ်ငန်းများ၏ ရလဒ်များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများကို သုတေသနဂုဏ်ပြုဆုများ ချီးမြှင့်ကာ နည်းပညာ၊ သုတနှင့် ရသစာအုပ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Posted on Sep 18, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 17, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Posted on Sep 16, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Posted on Sep 15, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 14, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


Posted on Sep 13, 2025
AnnouncementsExplore more >

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ရုပ်သိမ်းကြောင်း အသိပေးကြေညာချက်

Posted on Sep 18, 2025

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ကိုပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ပါသည်။

အဝေးသင် သင်တန်းများ စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း

Posted on Sep 18, 2025

အဝေးသင် သင်တန်းများ စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း

တာဝန်မှအနားယူခွင့်ပြုခြင်း

Posted on Sep 18, 2025

တာဝန်မှအနားယူခွင့်ပြုခြင်း