ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ရှန်ဟိုင်းမြို့၌ ကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းမနိုင်ငံများ၏ ပို့ကုန်/သွင်းကုန် အစားအစာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဆိုင်ရာ ညီလာခံ တက်ရောက်
ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ရှန်ဟိုင်းမြို့၌ ကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းမနိုင်ငံများ၏ ပို့ကုန်/သွင်းကုန် အစားအစာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဆိုင်ရာ ညီလာခံ တက်ရောက်
Ministry of Information/ Naypyitaw / October 20, 2025

နေပြည်တော် အောက်တိုဘာ ၁၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့၌ အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင်ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများအကြားအစားအစာနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ကုန်သွယ်မှုကဏ္ဍတွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် “Deepen Cooperation Mechanism, Promote Agrifood Trade”ခေါင်းစဉ်ဖြင့် ကျင်းပသည့် ညီလာခံသို့ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
အဆိုပါညီလာခံကို ပို့ကုန်၊ သွင်းကုန် အစားအစာ ဘေးကင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်၌ နည်းလမ်းများ အပြန်အလှန်ဖလှယ်နိုင်ရန်၊ အစားအစာနှင့် စိုက်ပျိုးရေး ထုတ်ကုန်များနှင့် စပ်လျဉ်း၍ မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ ဆက်သွယ်ချိတ် ဆက်ရေးနှင့် လေ့လာရေးခရီးစဉ်များမှတစ်ဆင့် အတွေ့အကြုံများမျှဝေနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ညီလာခံဖွင့်ပွဲတွင် ရှန်ဟိုင်းမြူနီစီပယ်အစိုးရ အကြီးအကဲကအဖွင့်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲနှင့် ဖိုရမ်များဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲမြင့်က “Myanmar’s Import & Export Food Safety Cooperation under the Belt and Road Initiative”ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးသည်။
တက်ရောက်
ညီလာခံသို့ တောင်အာဖရိကနိုင်ငံ၊ ဘိုလီဗီးယားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ တူကီယဲနိုင်ငံ၊ ဥဇဘက် ကစ္စတန်နိုင်ငံ၊ ယီမင်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး တက်ရောက်လာကြသူများသည် အစည်းအဝေးအပြီးတွင် ရှန်ဟိုင်းမြို့ရှိ Waigaoqiao Global Hub ၊ Pudong New Area Enterprise ၊ Shanghai Customs Building ရှိ “2025 Shanghai Urban Space Art Exhibition” နှင့် Shanghai Yu Garden တို့ကို လေ့လာရေးခရီး သွားရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Posted on Oct 23, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 22, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
Posted on Oct 21, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 19, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
Posted on Oct 18, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Oct 22, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
တင်ဒါအောင်မြင်သူစာရင်းထုတ်ပြန်ကြေညာခြင်း
Posted on Oct 21, 2025တင်ဒါအောင်မြင်သူစာရင်းထုတ်ပြန်ကြေညာခြင်း
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း
Posted on Oct 21, 2025နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း