ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ လျိုကျိုးမြို့ရှိ စက်မှုပြတိုက်နှင့် Liu Gong စက်ရုံတွင် အကြီးစားလုပ်ငန်းသုံး EV ထုတ်လုပ်ရေး လေ့လာ

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ လျိုကျိုးမြို့ရှိ စက်မှုပြတိုက်နှင့် Liu Gong စက်ရုံတွင် အကြီးစားလုပ်ငန်းသုံး EV ထုတ်လုပ်ရေး လေ့လာ


Ministry of Information/ Naypyitaw / December 05, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၄

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက လျိုကျိုးမြို့ စက်မှုပြတိုက်သို့ သွားရောက်လေ့လာကြည့်ရှုသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လျိုကျိုးမြို့ရှိ စက်မှုပြတိုက်သို့ရောက်ရှိရာ ကြီးကြပ်ရေးမှူး Ms. Cai Wen နှင့် တာဝန်ရှိသူများ က ၁၉၈၂ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ပထမဆုံးကားတစ်စီးကိုစတင် ထုတ်လုပ်နိုင်ခဲ့ရာမှ လက်ရှိအချိန်အထိ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် စက်မှုကုန်များကို ဆက်လက်ထုတ်လုပ်လျက်ရှိမှု၊ လုပ်ငန်းများအောင်မြင်တိုးတက်နေမှုများနှင့် EV များထုတ်လုပ်နေမှု၊ ယခင်ကစက်မှုလုပ်ငန်းများသာ ဆောင်ရွက်ခဲ့ရာမှ ယခုအခါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိမှုကို ရှင်းလင်းပြောကြားရာ ဒုတိယဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အကြီးစားလုပ်ငန်းသုံး မော်တော်ယာဉ်များထုတ်လုပ်သည့် Liu Gong (လျူကုန်း) ကုမ္ပဏီအုပ်စုသို့ ရောက်ရှိရာ စီနီယာဒါရိုက်တာ Ms. Xiang Lin က လုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှုများကို ထုတ်လုပ်ရေးစက်ရုံနှင့် Kui Gong R&D Center ၌ ရှင်းလင်းပြသပြီး ဒုတိယဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။