ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မော်လမြိုင်တက္ကသိုလ် ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မော်လမြိုင်တက္ကသိုလ် ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / March 20, 2026
image_latest


နေပြည်တော် မတ် ၁၉

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင် တက္ကသိုလ်သုတေသနစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက တာဝန်ရှိသူများအား သုတေသနဓာတ်ခွဲခန်းသုံး ပစ္စည်းများ အမြန်တပ်ဆင်အသုံးပြုရန် မှာကြားသည်။

ထို့နောက် အပန်းဖြေရိပ်သာတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးအတွက် ကြီးကြပ်ပေးရန် တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် စာကြည့်တိုက်သို့ ရောက်ရှိရာ ဒုတိယဝန်ကြီးက Journal of the Burma Research Society (JBRS) ကို ၁၉၁၁ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ထုတ်ဝေခဲ့သည့် သမိုင်းကို ထောက်ရှုလျက် မြန်မာနိုင်ငံတွင် အရည်အသွေးရှိသော သုတေသနဂျာနယ်များ ထုတ်ဝေဖြန့်ချိရန်လိုအပ်ကြောင်း၊ စာအုပ်ကောင်းများ မပျောက်ပျက်အောင် ထိန်းသိမ်းရန်နှင့် လွယ်လင့်တကူ ငှားရမ်းဖတ်ရှုနိုင်ရေး အားပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တက္ကသိုလ်ပင်မဆောင်၌ ဘာသာရပ်ဌာန ဆရာ ဆရာမများအား တွေ့ဆုံ၍ နှုတ်ဆက်အားပေးပြီး လက်တွေ့ခန်းများကို စစ်ဆေးကာ ဒုတိယဝန်ကြီးက ကျောင်းသား ကျောင်းသူများ အသုံးပြုသော လက်တွေ့ခန်းသုံးပစ္စည်းများ ခေတ်နှင့်လျော်ညီစေရေးနှင့် ကျောင်းသားတိုင်း ကိုင်တွယ်အသုံးပြုတတ်အောင် လေ့ကျင့်ပေးနိုင်ရန်အတွက် ဖြည့်တင်းပေးရေးတို့နှင့် စပ်လျဉ်း၍ မှာကြားသည်။

ထို့နောက် တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကာ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Posted on Mar 20, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Mar 19, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 18, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Mar 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Mar 16, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 15, 2026
AnnouncementsExplore more >

တင်ဒါခေါ်ယူခြင်း

Posted on Feb 4, 2026

တင်ဒါခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်...

Posted on Jan 28, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Posted on Jan 7, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း