ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ အာရှယဉ်ကျေးမှုအမွေအနှစ်များ မဟာမိတ်အဖွဲ့၏ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံ၊ တတိယအကြိမ်မြောက် ကောင်စီအစည်းအဝေးများတက်ရောက်

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ အာရှယဉ်ကျေးမှုအမွေအနှစ်များ မဟာမိတ်အဖွဲ့၏ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံ၊ တတိယအကြိမ်မြောက် ကောင်စီအစည်းအဝေးများတက်ရောက်


Ministry of Information/ Naypyitaw / December 03, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ နိုဝင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိကျင်းပခဲ့သည့် အာရှယဉ်ကျေးမှုအမွေအနှစ်များ မဟာမိတ်အဖွဲ့၏ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံ၊ တတိယအကြိမ်မြောက် ကောင်စီအစည်းအဝေးနှင့် ဆက်စပ်ပြပွဲများ၊ အစီအစဉ်များသို့ တက်ရောက်ခဲ့သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့သည် နိုဝင်ဘာ ၂၉ ရက် တွင် ချုံချင့်မြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့သည်။

အဆိုပါ အစည်းအဝေးများကို ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု တိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံချုံချင့်မြို့သို့ရောက်ရှိပြီး နိုဝင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီတွင် China’s National Cultural Heritage administration and Executive Secretary – General of the Alliance for Cultural heritage Conservation in Asia (ACHA) မှ Deputy Director Ge-neral Mr. Xie Bing ဦးဆောင်သော ACHA မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည်။

မွန်းလွဲပိုင်းတွင် China Three Gorges Museum သို့ လေ့လာရေး သွားရောက်ခဲ့ရာ အဆိုပါပြတိုက်တွင် ချုံချင့်မြို့ရှိ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်သော Dazu ကျောက်ဂူနံရံပေါ်ရှိ ကျောက်ဆစ်လက်ရာများ အထူးပြပွဲကိုလည်းကောင်း၊ Three Gorges (ယန်စီ မြစ်၊ မြစ်ဝါမြစ်အပါအဝင်မြစ် သုံးမြစ်ဆုံရာဒေသ)တွင် တာတမံပြုလုပ်ရာမှ ထွက်ပေါ်လာသော ခေတ်အဆက်ဆက် ရှေးဟောင်းပစ္စည်းများပြခန်းကိုလည်းကောင်း လေ့လာကြည့်ရှုခဲ့ကြသည်။ ညနေပိုင်းတွင် ACHA မှ တာဝန်ရှိသူများက တည်ခင်းဧည့်ခံသည့် Welcome Dinner သို့ အခြားနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့သည်။

နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် အာရှယဉ်ကျေးမှုအမွေအနှစ်များ မဟာမိတ်အဖွဲ့၏ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံကို ချုံချင့်မြို့ရှိ Liangjiang Hall, Chongqing Yuelai Internatio-nal Conference Center တွင် ကျင်းပခဲ့ရာ Culture and Touri-sm of China, Administrator of the National Cultural Heritage Administration မှ Vice Minister Mr. Rao Quan က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ဖိတ်ကြားထားသည့် တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါညီလာခံတွင် ACHA မှ တာဝန်ရှိသူများက အမှာစကား များပြောကြားကြပြီး နိုင်ငံအလိုက် ဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံ ကိုကိုယ်စားပြု၍ ဒုတိယဝန်ကြီးက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နေမှု၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရာ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက သဗ္ဗညုဘုရားကို MOU ရေးထိုး ၍ ပြုပြင်ထိန်းသိမ်းပေးနေမှု၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထောက်အပံ့ရန်ပုံငွေဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်/ မန္တလေး)တို့မှ ပန်းချီ၊ ပန်းပုနှီးနှောဖလှယ်ပွဲများ၊ ရုပ်သေး ပြပွဲများ၊ ရုပ်ရှင်နှင့် ဖလင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ခဲ့မှုနှင့် မန္တလေးငလျင် ကြီးကြောင့် ပြိုကျပျက်စီးသည့် မန္တလေးနန်းမြို့ရိုး၊ အင်းဝပြတိုက်နှင့် မန္တလေး၊ အင်းဝပတ်ဝန်းကျင်မှ ဘုရား၊ ပုထိုးအချို့ကို တရုတ်ပညာရှင်များက လာရောက်ကွင်းဆင်း မှတ်တမ်းတင် အကြံပြုခဲ့ကြမှုများကို တင်ပြဆွေးနွေးခဲ့သည်။ အလားတူ အာရှတိုက်တစ်ခုလုံးရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးနှင့်ပတ်သက်၍ Net Work ထားရှိရန်ကိစ္စအပါအဝင် အကြံပြုချက်များကိုလည်း ဆွေးနွေးခဲ့သည်။

တတိယအကြိမ်မြောက် ACHA ကောင်စီအစည်းအဝေးကို မွန်းလွဲ ၃ နာရီတွင် Joy Hall, Chongqing Yuelai International Confer-ence Center ၌ကျင်းပရာ Secre-tary–General of ACHA, Mr.Kong Vireak က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ACHA အဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

နိုဝင်ဘာ၂၇ ရက်ညပိုင်းတွင် ACHA ညီလာခံကိုယ်စားလှယ် များအား ယန်စီမြစ်အတွင်း အပျော်စီးသင်္ဘောဖြင့် လှည့်လည်ပြသပြီး တရုတ်ယဉ်ကျေးမှုများကို ဖော်ပြသော Drone Show ဖြင့် လည်းကောင်း၊ တရုတ်ရိုးရာ အကအလှများဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။

နိုဝင်ဘာ ၂၈ ရက်တွင် ချုံချင့်မြို့ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်သော Dazu ကျောက်ဂူနံရံပေါ်ရှိ ကျောက်ဆစ်လက်ရာများ တည်ရှိရာ Cultural Heritage sites in Dazu District သို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။