ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မြနန်းစံကျော် ရွှေနန်းတော်နှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းစေတီဘုရားများ ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မြနန်းစံကျော် ရွှေနန်းတော်နှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းစေတီဘုရားများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / December 25, 2025
image_latest


မန္တလေး ဒီဇင်ဘာ ၂၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့နံနက်ပိုင်းတွင် မြနန်းစံကျော်ရွှေနန်းတော်ရှိ နန်းဆောင်များ ဆေးသုတ်ခြင်း၊ အမွှမ်းပန်းများ ထိန်းသိမ်းခြင်း၊ မြေနန်းပြာသာဒ်ဆောင်တွင် ယွန်းကြိုးထိုးခြင်း၊ ဝေါကြီးရိပ်ဝှဲ (ခြင်္သေ့ခံ) ပုံစံတူပြုလုပ်ပြသခြင်း၊ ရွှေတိုက်ဆောင်၊ မှန်နန်းဆောင်နှင့် ဘုရင့်အိပ်ခန်းဆောင်ရှိ နန်းသုံးပစ္စည်းများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက မြနန်းစံကျော် ရွှေနန်းတော် မြေနန်းပြာသာဒ်ဆောင်ရှိ ငလျင်ကြောင့် ပျက်စီးသွားသော ပိုက်ကွက်များကို အသစ်ပြန်လဲရန်၊ ဝေါကြီးရိပ်ဝှဲ (ခြင်္သေ့ခံ) ပုံစံတူ ခင်းကျင်းပြသပြီးပါက ဝေါအသုံးပြုသည့်အဆင့်အလိုက် ရှင်းလင်းချက်စာသားအား ပြည့်စုံစွာရေးသားပြသရန်၊ ဝေါအပေါ်ပိုင်းကို သံအသုံးပြုမည်ဆိုပါက သံချေးမတက်သော အောက်ခံဆေးသုတ်လိမ်းပြီး အပေါ်မှသစ်သားများ ကာရံဆောင်ရွက်ရန်၊ ဝေါပေါင်လုံးအရှည်ကို ပုရပိုက်ပါအတိုင်းအတာအတိုင်း ဆောင်ရွက်ရန်၊ ဝေါကြီးရိပ်ဝှဲပုံစံတူပြသပြီးပါက ဘေးတွင် ပွတ်လုံးတိုင်အရံအတား ပြုလုပ်ထားရှိရန်၊ ရွှေတိုက်ဆောင်အုတ်နံရံဆေးများအား ညီညာအောင် ဆေးသုတ်ရန်၊ မှန်နန်းဆောင်တွင် ထားရှိသည့် ထီးတိုင်ဒေါက်အား ဆေးပြန်လည်သုတ်ရန်၊ မှန်နန်းဆောင် အိပ်ဆောင်ခန်းတွင် ပြသထားသည့် ယပ်ရိုးရှည်အား အကြီးပြုလုပ်ပေးရန်နှင့် သလွန်အောက်ခံကတ္တီပါကော်ဇောအား လဲလှယ်သွားရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရွှေနန်းတော်ကျောင်းသို့ ရောက်ရှိပြီး ရှေးဟောင်းသစ်သားဘုန်းတော်ကြီးကျောင်းဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများ၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လှေကားငါးစင်း ပြုပြင်ထိန်းသိမ်းမှုများကို ကြည့်ရှုစစ်ဆေးပြီး မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတွင် ကိန်းဝပ်စံပယ်တော်မူသော စူဠာမုနိရုပ်ရှင်တော်မြတ်အား ဖူးမြော်ကြည်ညိုကာ ဂေါပကအဖွဲ့အား နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား ထိခိုက်ပျက်စီးမှုများကိုလည်းကောင်း၊ နန်းမြေဘုံသာ စံနန်းတော်ရာ စန္ဒာမုနိဘုရားနှင့် ဂန္ဓကုဋိတိုက်တို့၏ ထိခိုက်ပျက်စီးမှုများကို ဂေါပကအဖွဲ့မှ အများပြည်သူလှူဒါန်းမှုဖြင့် ဆောင်ရွက်နေစဉ် ဘုရားနှင့် ဗုဒ္ဓရုပ်ပွားတော်အကြား ယခင်ကနောင်မင်းသားအုတ်ဂူတည်ရှိသည့်နေရာတွင် ဘုရားပြုပြင်ရန် မြေကျင်းတူးရာမှ ကျင်းအတွင်း၌ အောက်ခံဖန်ကလပ်ပေါ်တွင် အဖုံးပါငွေဖရုံတုံးပုံစံအိုးအတွင်း လူအရိုးအိုးဟု ယူဆရသော အရိုးစအနည်းငယ်နှင့် အံသွားတစ်ချောင်းတို့ကို တွေ့ရှိခဲ့သည့် နေရာတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး စန္ဒာမုနိစေတီတော်အား မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းသွားရန် မှာကြားသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲ ဝန်ထမ်းအိမ်ရာဖြစ်သည့် ပယ်ပုံတော်ဝင်းသို့ ရောက်ရှိပြီး အမရပူရမြို့နန်းတည် ဘိုးတော်ဘုရားခေါ်ဗဒုံမင်းသည် နိုင်ငံတော်အတွင်း ဒေသဌာနကိုလိုက်၍ လယ်ယာမြေနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် ဘုရင်မင်းမြတ် ပိုင်ဆိုင်သည့် မြေကို မင်းပယ်နှင့် တိုင်းတာသတ်မှတ်၍ ပြည်သူပြည်သား (ဆင်းရဲသား) များ ပိုင်ဆိုင်သည့် မြေကိုပကတိပယ်ဖြင့် တိုင်းတာသတ်မှတ်သည့် ကျောက်စာရုံများ ထိန်းသိမ်းထားမှုများကို ကြည့်ရှုစစ်ဆေးကာ အောင်ဇေယျရိပ်သာ၊ စစ်ကိုင်းဆောင်၊ ဟံသာဝတီဆောင်၊ မန္တလေးဆောင်၊ ဟန်လင်းဆောင်၊ ဗိဿနိုးဆောင်၊ အမရပူရဆောင်၊ တကောင်းဆောင်၊ သရေခေတ္တရာဆောင်တို့၏ ငလျင်ကြောင့်ထိခိုက် ပျက်စီးခဲ့မှုများကို ကြည့်ရှုစစ်ဆေး သည်။

ယင်းနောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကြေးမြင်ကျောင်း ပြန်လည်တည့်မတ်ခြင်း၊ သွပ်အဟောင်းများ ပြန်လည်အစားထိုးပြုပြင်ခြင်းနှင့် ရေတံလျှောက်ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်းကောင်း၊ အက္ကပတ်မြင်းဝန်ကျောင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျောင်းထိုင်ဆရာတော်အား နဝကမ္မဝတ္ထုငွေများ ကပ်လှူခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။