ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၂၄) သင်တန်းဆင်းပွဲ တက်ရောက်

ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၂၄) သင်တန်းဆင်းပွဲ တက်ရောက်


Ministry of Information/ Naypyitaw / November 22, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၁

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၂၄) ရဲသူရတပ်ခွဲ၏ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိ လေ့ကျင့်ရေးကျောင်းစစ်ရေးပြကွင်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် (၂) ရဲဗိုလ်ချုပ် မျိုးမင်းထိုက်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရဲအရာရှိကြီးများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဒုတိယပါမောက္ခချုပ်၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်သည် ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲများအား စစ်ဆေးပြီး ဒုတိယရဲအုပ်လောင်းများ၏ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုခြင်းကို ခံယူသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း သင်းယုလှိုင်၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ကျော်လင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဝေယံ၊ ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရ ဒုတိယ ရဲအုပ်လောင်း သင်းယုလှိုင်၊ အင်္ဂလိပ်စာဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဖြိုးဝေအောင်တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ယူကြရတော့မည့်သူများအနေဖြင့် ကွပ်ကဲရသည့်တပ်ဖွဲ့ကို တက်ညီလက်ညီဖြင့် စုပေါင်းဆောင်ရွက်နိုင်စွမ်းရှိအောင် ဦးဆောင်နိုင်ရမည်ဖြစ်သလို မိမိကိုယ်တိုင်လည်း အရာရာတွင် စံပြဖြစ်အောင် လိုက်နာကျင့်ကြံနေထိုင်သွားကြရန်လိုကြောင်း။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် “နိုင်ငံတော်တွင် အရေးကြုံတိုင်းနောင်တော်တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့် အစဉ်အလာကောင်းနှင့်အညီ တပ်မတော်နှင့်အတူ နယ်မြေခံပြည်သူ့စစ်အဖွဲ့၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့၊ ဒေသခံပြည်သူလူထုနှင့် လက်တွဲပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေသည့် နေရာဒေသများတွင် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ဆိုးရွားစွာထိခိုက်ပျက်စီးစေသည့် အကြမ်းဖက်မှုများကိုနှိမ်နင်းရာ တွင် ရဲစွမ်းသတ္တိအရင်းခံ၍ ရန်သူအပေါ် ပြုကျင့်ရမည့်ကျင့်ဝတ် ငါးပါးမှ ပဉ္စမအချက်ဖြစ်သည့် “ရန်သူ၏ စိတ်ဓာတ်ကို ယတိပြတ်ချိုးနှိမ်၍ အပြီးသတ်အောင်ပွဲခံယူပါ” ဆိုသည့် ကျင့်ဝတ်နှင့်အညီ ကျင့်ကြံကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်ကလည်း တိုင်းပြည်နှင့် လူမျိုးအတွက်စွန့်လွှတ်စွန့်စား တာဝန်ထမ်းရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များကို ထိုက်တန်သည့် ဂုဏ်ပြုမှုများ ချီးမြှင့်ပေးလျက်ရှိရာ မိမိတို့တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူကို အလုပ်အကျွေးပြုသည့်၊ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်မြဲရေးကို အသက်ပေးကာကွယ်စောင့်ရှောက်တတ်သည့် ရဲတပ်ဖွဲ့ဝင်များအဖြစ် လေးနက်စွာခံယူပြီး ကျရာတာဝန်များကို ဦးလည်မသုန်ထမ်းရွက်သွားကြရန် မှာကြားလိုကြောင်း။

ရဲတပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝထက်မြက်နေစေရန် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေးမူဝါဒနှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ရဲလုပ်ငန်းစနစ်များ၊ စစ်နည်းဗျူဟာနှင့် မှုခင်းကျူးလွန်မှု ပုံသဏ္ဌာန်များကို စဉ်ဆက်မပြတ်လေ့လာသွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ညပိုင်းတွင် ဒုတိယဝန်ကြီးသည် ရဲအရာရှိလေ့ကျင့်ရေး ကျောင်းဗဟိုခန်းမ၌ ကျင်းပသည့် ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၂၄) ၏ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် (၂) ရဲဗိုလ်ချုပ် မျိုးမင်းထိုက်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းဆင်း ဒုတိယရဲအုပ်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။