ဒုတိယဝန်ကြီး ဦးထိန်လင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများ ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးထိန်လင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / May 13, 2025
image_latest


နေပြည်တော် မေ ၁၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူအားကစားခန်းမကို ကြည့်ရှုစစ်ဆေးသည်။

မှာကြား

ကြည့်ရှုစစ်ဆေးစဉ် တောင်ငူအားကစားခန်းမမီးရရှိစေရေး အမြန်ဆုံးဆောင်ရွက်သွားရန်၊ အားကစားခန်းမအတွင်း နွေရာသီသင်တန်းများ၊ အထိမ်းအမှတ်အားကစားပြိုင်ပွဲများ အဆက်မပြတ်ကျင်းပနိုင်ရေးဆောင်ရွက်သွားရန်၊ ရုံးဘေးရှိ Outdoor Fitness အား အသစ်လဲလှယ်နိုင်ရေးတင်ပြတောင်းခံဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်ငူခရိုင်နှင့် တောင်ငူမြို့နယ်၊ ဖြူးမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့မှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ မိမိတာဝန်ကျသည့်ဒေသတွင် အားကစားဖွံ့ဖြိုးတိုးတက်ရန်အတွက် စိတ်ပါဝင်စားပြီး ပျော်ရွှင်ရန်လိုကြောင်း၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လိုက်နာကျင့်သုံးနေထိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် လူငယ်ကဏ္ဍတွင်လည်း အရေးကြီးသည့်အတွက် ပါဝင်ဆောင်ရွက်ပေးသွားရန် မှာကြားသည်။

ထို့နောက် ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ရောက်ရှိကာ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒိုက်ဦးမြို့နယ်ရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးရုံးနှင့် ခရိုင်/မြို့နယ်များမှ အရာထမ်း/ အမှု ထမ်းများနှင့်တွေ့ဆုံ၍ ဌာနလုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားပြီး သနပ်ပင်မြို့နယ်ရှိ အားကစားကွင်း/ အားကစားရုံများ၊ ပဲခူးတိုင်းဒေသကြီး အားကစားဥယျာဉ်ရှိ အားကစားကွင်းအားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေး၍ အားကစားကွင်း/ အားကစားရုံများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအမြဲတမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Posted on Apr 10, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Apr 09, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 08, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Posted on Apr 07, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Posted on Apr 06, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026