ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး
ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / March 15, 2026
နေပြည်တော် မတ် ၁၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်း၊ ပြင်ဦးလွင်ခရိုင် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများ၌ ကျောင်းသားကျောင်းသူများ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
အားပေးစကားပြောကြား
ထို့နောက် ဒုတိယဝန်ကြီးက စာမေးပွဲကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာ စွာဖြေဆိုနိုင်ရေး၊ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး အလေးထားဆောင်ရွက်ပေးကြရန်မှာကြားကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင် မြို့နယ် ဝါးနက်ချောင်းရွာ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ မင်းတည်းကျေးရွာ၊ နောင်ဝယ်ကျေးရွာ၊ ဝါးနက်ကျေးရွာရှိ အခြေခံပညာကျောင်း များမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံပြီး အခြေခံပညာကျောင်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသားများအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းပညာရေး၊ ကျောင်းပြင်ပပညာရေးစနစ်များဖြင့် ပညာရေး ဖွံ့ဖြိုးတိုးတက်အောင် အလေးထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသူများက ကျောင်းအဆင့်တိုးမြှင့်ရေး၊ ကျောင်းပြင်ပပညာရေး သင်ကြားသင်ယူမှုဆိုင်ရာကိစ္စရပ်များနှင့် သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
ထို့နောက် ဒုတိယဝန်ကြီးက ဆရာ ဆရာမများအား ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ပြီး ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းတွင်း သန့်ရှင်း သာယာရေးတို့ကို ဆရာ ဆရာမများအနေဖြင့် ဒေသအာဏာပိုင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
