ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပြိုင်ပွဲဝင်မည့် အားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများ နေထိုင်မည့်အဆောင်များ ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပြိုင်ပွဲဝင်မည့် အားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများ နေထိုင်မည့်အဆောင်များ ကြည့်ရှုစစ်ဆေး


Ministry of Hotel & Tourism/ နေပြည်တော် / November 09, 2024


နေပြည်တော် နိုဝင်ဘာ ၈

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်းသို့ သွားရောက်ကာ အမျိုးသားအားကစားပွဲတော်တွင် ပြိုင်ပွဲဝင်မည့် အားကစားသမားများ၊ အုပ်ချုပ်သူနှင့် နည်းပြများ၊ ဒိုင်/ဂျူရီများ အဆင်ပြေစွာ တည်းခိုနေထိုင်နိုင်ရန် အဆောင်များ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဆပ်ကော်မတီဝင်များက လာရောက်ကြမည့် အားကစားသမားများ၊ အုပ်ချုပ်သူနှင့် နည်းပြများ၊ ဒိုင်/ ဂျူရီများ အဆင်ပြေစွာ တည်းခိုနေထိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဧည့်ခံကျွေးမွေးရန် ပြင်ဆင်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တည်းခိုနေထိုင်သူများအတွက် သောက်ရေ/ သုံးရေများ လုံလောက်မှုရှိစေရေးနှင့် ကျန်းမာ ရေးနှင့်အညီ သန့်ရှင်းမှုရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်၊ ဧည့်ခံကျွေးမွေးမည့် အဆောင် များကို သတ်မှတ်ရာတွင် တည်းခိုဆောင်များအလိုက် စနစ်တကျ သတ်မှတ်ရန်၊ အစားအစာများကို အလေအလွင့်မရှိစေရန် ကူပွန်စနစ်ဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်နှင့် သန့်ရှင်းလတ်ဆတ်သော အစားအစာများ ဖြစ်စေရေးအတွက် စနစ်တကျစီမံဆောင်ရွက်ကြရန်၊ ဧည့်ခံကျွေးမွေးရာတွင် ပိုမိုကောင်းမွန်မှုရှိစေရန် စားသုံးသူများ၏ အကြံပြုချက်များ ပေးနိုင်ရန်အတွက် အကြံပြုစာအုပ်များ ထားရှိဆောင်ရွက်ရန်၊ ပြိုင်ပွဲဝင်အားကစားသမားများ တည်းခိုနေထိုင်ရာတွင် ရာသီဥတုနှင့် ကိုက်ညီမှုရှိသော အိပ်ဆောင်သုံးပစ္စည်းများ ထည့်သွင်းအသုံးပြု နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ကြရန်၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်၊ အဆောင်အတွင်းအပြင်သန့်ရှင်းရေးအတွက် သန့်ရှင်းရေးဝန်ထမ်းများ စနစ်တကျစုဖွဲ့၍ အစဉ်တစိုက် ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တည်းခိုဆောင်များ ပြုပြင်မွမ်းမံနေမှု၊ အဆောင်များ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 02, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 01, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Dec 31, 2024

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။


Posted on Dec 30, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လကွယ်နေ့၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Dec 29, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။


Posted on Dec 28, 2024
HOT NEWS
January 4,