ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်ဒေသရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ
ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်ဒေသရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ
Ministry of Information/ Naypyitaw / October 29, 2025
 
နေပြည်တော် အောက်တိုဘာ ၂၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် မိုင်းပန်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization- DMO) များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အထင်ကရခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာ နေရာများစွာ ပိုင်ဆိုင်ထားရှိပါကြောင်း၊ ယင်းဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုင်းပန်မြို့သည် တောင်ပေါ်ဒေသဖြစ်သောကြောင့် တောင်တန်းဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးအခြေပြုခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပြီး မိုင်းပန်မြို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ခရီးသွားလုပ်ငန်းတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တွေ့ကြုံနေရသည့် အခက်အခဲများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။
ယင်းနောက် မိုင်းပန်မြို့နယ်ကျေးရွာများရှိ စာသင်ကျောင်းများအတွက် MRTV DVB - T2 Set Top Box များနှင့် သုတ၊ ရသဆိုင်ရာ စာအုပ်များကို ဆရာ ဆရာမများထံသို့ လည်းကောင်း၊ မိုင်းပန်မြို့အနီးရှိ ကျေးရွာအုပ်စုများအတွက် MRTV DVB - T2 Set Top Box များကို ကျေးရွာအုပ်ချုပ်ရေးမှူးများ ထံသို့လည်းကောင်း ပေးအပ်သည်။
ဆက်လက်၍ မိုင်းပန်မြို့အတွင်းရှိ စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများကို ကြည့်ရှုစစ်ဆေးပြီး ဆရာ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို အားပေးစကားပြောကြားကာ မေတ္တာလက်ဆောင် များ ပေးအပ်သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မိုင်းပန်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ကျန်းမာရေးအထောက်အကူပြုဆေးပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ကာ ဆေးရုံတက်ရောက်ကုသနေသော လူနာများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
အောက်တိုဘာ ၂၆ ရက်ကလည်း ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ ခရီးသွားဆွဲဆောင်ရာ အထင်ကရနေရာတစ်ခုဖြစ်သည့် ပင်လုံစာချုပ်ကျောက်တိုင် (ပြည်ထောင်စုကျောက်တိုင်) ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခရီးသွားဧည့်သည်များ လာရောက်လေ့လာလည်ပတ်ရာတွင် ပင်လုံစာချုပ်ကျောက်တိုင်၏ သမိုင်းကြောင်းကို ပြည့်စုံစွာ ရှင်းလင်းစွာ သိရှိနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် မဟာရဌာဘိသာမဂ္ဂီစေတီတော်သို့ သွားရောက်ပြီး ပွင့်လင်းရာသီ၌ ဘုရားဖူးခရီးသွားများ လာရောက်ဖူးမြော်ရာတွင် အဆင်ပြေချောမွေ့စွာ လာရောက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုကာ ဘုရားဖူးခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Posted on Oct 31, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Posted on Oct 30, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 29, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
Posted on Oct 28, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
Posted on Oct 27, 2025
စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း
Posted on Oct 31, 2025စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း
 
                             
                                
