ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် တိုက်ကြီးမြို့နယ်အတွင်းရှိ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများနှင့် နွေစပါးအပါအဝင် နွေသီးနှံစိုက်ပျိုးရေပေးဝေနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် တိုက်ကြီးမြို့နယ်အတွင်းရှိ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများနှင့် နွေစပါးအပါအဝင် နွေသီးနှံစိုက်ပျိုးရေပေးဝေနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / January 12, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ သရက်ချောင်းနှင့် အထက်စု(မြစ်ကျိုး) လျှပ်စစ်မြစ်ရေတင်စီမံကိန်း 900 KW On-Grid and Off-Grid ဆိုလာစနစ် တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် မြင်ရေတင်မှ နွေစပါးနှင့် နွေအခြားသီးနှံ စိုက်ပျိုးရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တာဝန်ရှိသူများက စီမံကိန်းရှင်းလင်းဆောင်၌ အထက်စု(မြစ်ကျိုး) မြစ်ရေတင်လုပ်ငန်း၊ သရက်ချောင်းမြစ်ရေတင် လုပ်ငန်းနှင့်အောက်စု(မြစ်ကျိုး) မြစ်ရေတင်လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဆိုလာစနစ်မှ ရရှိလာသော စွမ်းအင်များကို ရေတင်စိုက်ဧကများကို ရေပေးဝေခြင်းအပြင် ပတ်ဝန်းကျင်အနီးရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများအတွက်ပါ စွမ်းအားပြည့်အကျိုးရှိစွာ သုံးစွဲနိုင်‌ရေး စီမံဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေရရှိရေးအတွက် ရေအရင်းအမြစ်များ ရှာဖွေဖော်ထုတ် သုံးစွဲနိုင်ရေးနှင့် အခြေအနေပေးသည့် ဒေသများတွင် လျှပ်စစ်/ဆိုလာ မြစ်ရေတင်လုပ်ငန်းဖြင့် ရာသီအလိုက်နွေစပါးနှင့် နွေသီးနှံသီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ရေလှည့်စနစ်ဖြင့် အသုံးပြု၍ စိုက်ပျိုး‌ရေကို အလေအလွင့်နည်းပါးစွာဖြင့် စနစ်တကျစီမံခန့်ခွဲနိုင်ရေးအတွက် ဒေသခံတောင်သူများကို အသိပညာပေး၊ နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

တိုက်ကြီးမြို့နယ်ရှိ အထက်စု(မြစ်ကျိုး) လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ အကျိုးပြု ဧက ၁၈၀၀ ခန့်၊ အောက်စု(မြစ်ကျိုး) လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ အကျိုးပြု ဧက ၁၂၀၀ ခန့်နှင့် သရက်ချောင်း မြစ်ရေတင်လုပ်ငန်းမှလည်း အကျိုးပြုဧက ၁၅၀၀ ခန့်ကို စိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် တည်ဆောက်ပြီး ရေပေးမြောင်းများအလိုက် ရေစီမံခန့်ခွဲမှု စနစ်ဖြင့် ရေစမ်းသပ်မောင်းနှင်၍ စိုက်ပျိုး ရေပေးဝေခြင်းနှင့် မြို့ပြ၊ စက်မှု၊ လျှပ်စစ် တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ကာလ အချိန်မီပြီးစီးရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

ဆွေးနွေးမှာကြား

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တိုက်ကြီးမြို့နယ် ကျားချောင်းကျေးရွာအနီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးဇုန် ရေရရှိနိုင်ရေးအတွက် တည်ဆောက်ထားသည့် သနပ်ချောင်း လျှိုပိတ်တမံရေသိုလှောင်ထားရှိမှုနှင့် ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ထို့နောက် တဘူးလှဆည် ရေသောက်စနစ်အတွင်းရှိ နွေစပါးနှင့်နွေသီးနှံ စိုက်ပျိုးရေပေးဝေနေသော လက်တံမြောင်းများ၏ ကြံ့ခိုင်မှုအခြေအနေများနှင့် ဆည်ရေသောက်စနစ်အတွင်း နွေစပါးနှင့် နွေသီးနှံများစိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ယခင်နှစ်ကထက်ပိုမိုလျာထား စိုက်ပျိုး‌နေမှုအပေါ် ရေလုံလောက်စွာပေးဝေနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးသည်။

တဘူးလှ ဆည်ရေသောက်စနစ်တွင် လက်ယာရေသောက် စနစ်မှအသုံးပြုပြီး ပိုလျှံကျဆင်း လာသောရေများသည် ဥက္ကံသကြားစက် ကားလမ်းဘေး ဝဲ / ယာရှိ ရေနုတ်မြောင်းများအတွင်းသို့ ရောက်ရှိလာသဖြင့် ရေထိန်းရေမြင့်အဆောက်အအုံ ၁၃ ခုတည်ဆောက်၍ အနီးဝန်းကျင် ရှိ လယ်မြေ ၂၃၇၇ ဧကကို ပြန်လည်ရေပေးဝေနိုင်ခဲ့ခြင်းကြောင့် ၎င်းဧကများ အပါအဝင် ရေသောက်စနစ် တစ်ခုလုံးအနေဖြင့် နွေစပါး ၂၉၉၄၉ ဧကနှင့် နွေအခြားသီးနှံ ၁၃၀၃ ဧက စုစုပေါင်း ၃၁၂၅၂ ဧက ကို စိုက်ပျိုးရေပေး‌ဝေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။