ဒုတိယဝန်ကြီး ဦးမင်းမင်း သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးမည့် ပြခန်းများကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးမင်းမင်း သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးမည့် ပြခန်းများကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 12, 2025

နေပြည်တော် မေ ၁၁
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရေးရည်ရွယ်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ မေ ၁၂ ရက်မှ ၁၈ ရက်အထိကျင်းပမည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများရောင်းချပေးမည့် ပြခန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် ခင်းကျင်းပြသရောင်းချမည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအတွက် ပြခန်းဆောင် တည်ဆောက်ပြီးစီးမှု၊ ပြသရောင်းချမည့်ပစ္စည်းများ အရည်အသွေးပြည့်မီစေရေး၊ စတင်ဖွင့်လှစ်ရောင်းချမည့်နေ့တွင် အဆင်သင့်ဖြစ်စေရေးတို့ကို တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ပြခန်းဆောင်များကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပွဲတွင် ကုမ္ပဏီ ၆၁ ခုမှ ပြခန်းပေါင်း ၇၄ ခုဖြင့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ပြသရောင်းချပေးမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းများဖြင့် လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်
Travel Advisory (1/2025)
Posted on May 12, 2025ခရီးသွားအကြံပြုချက် (၁/၂၀၂၅)
Posted on May 12, 2025သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
Posted on May 9, 2025သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း