ဒုတိယဝန်ကြီး ဦးမျိုးမြင့် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး  လမ်း၊ တံတားများ ပြန်လည်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးမျိုးမြင့် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး  လမ်း၊ တံတားများ ပြန်လည်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / November 01, 2025
image_latest


နေပြည်‌တော်  အောက်တိုဘာ  ၃၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး နေပြည်တော်-ရန်ကုန် လမ်းပိုင်းရှိ လမ်း၊ တံတားများပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုသည်။

 တိကျစွာလိုက်နာ

ဦးစွာ ဒုတိယဝန်ကြီးသည်အဖွဲ့ဝင်များနှင့်အတူ မန္တလေးငလျင်ဒဏ်ကြောင့်ပျက်စီးသွားငေည ရန်ကုန် - မန္တလေးအမြန်လမ်း(နေပြည်တော် - ရန်ကုန်)လမ်းပိုင်း မိုင်တိုင်၂၀၁/၁ မှ ၂၀၀/၆ အတွင်း    ကတ္တရာကွန်ကရစ်ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးပြီး   ကတ္တရာကွန်ကရစ်ခင်းရာတွင် အရည်အသွေးပြည့်မီစေရေးအတွက် အရေးကြီးသည့် သတ်မှတ်  Temperature များအတိုင်း အတိအကျလိုက်နာစစ်ဆေးဆောင်ရွက်ရန်၊ အသုံးပြုသည့် လုပ်ငန်းသုံးပစ္စည်းများအရည်အသွေးပြည့်မီစေရေးဂရုစိုက်ဆောင်ရွက်ရန်နှင့် လမ်းရေရှည်ကောင်းမွန်စေရေးအတွက် စံချိန်စံညွှန်းများအတိုင်း တိကျစွာလိုက်နာဆောင်ရွက်သွားရန် မှာကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် မိုင်တိုင်အမှတ် (၁၆၅/၁-၁၆၅/၃)ကြားရှိ ဆွာချောင်းတံတား(အပြန်)တည်ဆောက်ရေးလုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားအထူးအဖွဲ့မှတာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ရရှိရန်ပုံငွေဖြင့်လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးသည် အလွန်အရေးပါသော ဆက်သွယ်မှုလမ်းကြောင်း ဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရန်နှင့် မော်တော်ယာဉ်များသွားလာရာတွင် အချိန်ကြန့်ကြာမှုမရှိစေရေးတာဝန်ရှိသူများက စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးကောင်းမွန်အောင်ဆောင်ရွက်ရန်၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများအချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်နှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲဆောင်ရွက်ရနတို့ကိုမှာကြားပြီး လုပ်ငန်းခွင်အတွင်း Bored   Pile  တူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရန်ကုန် - မန္တလေးအမြန်လမ်း(ရန်ကုန် - နေပြည်တော်လမ်းပိုင်း) မိုင်တိုင် ၁၁၃/၃ မှ ၁၁၃ /၅ အတွင်း ကတ္တရာကွန်ကရစ်ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် အမြန်လမ်းမကြီးတစ်လျှောက်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Posted on Nov 01, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Posted on Oct 31, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Oct 30, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 29, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Oct 28, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Oct 27, 2025
AnnouncementsExplore more >

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့်...

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

HOT NEWS
January 4,