ဒုတိယဝန်ကြီး ဦးမျိုးမြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ လမ်းအသုံးပြုခ ကောက်ခံနေသည့် တိုးလ်ဂိတ်များနှင့်ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ ပြန်လည်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးမျိုးမြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ လမ်းအသုံးပြုခ ကောက်ခံနေသည့် တိုးလ်ဂိတ်များနှင့်ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ ပြန်လည်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / January 07, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (ရန်ကုန် - နေပြည်တော်လမ်းပိုင်း)ရှိ လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်များနှင့် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၃)လမ်းဆုံတိုးလ်ဂိတ်ရှိ ငွေကောက်ခံမှုစနစ်များနှင့် နည်းပညာဆိုင်ရာဆောင်ရွက်ထားမှု၊ အမြန်လမ်းမကြီး၌ ဖြတ်သန်းခွင့်ရှိသည့် Telematic စနစ် တပ်ဆင်ထားသည့် သတ်မှတ်ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်မှန်လုံယာဉ်များ ဘေးအန္တရာယ်ကင်းရှင်း၍ လမ်းခရီးချောမွေ့စွာသွားလာနိုင်ရေးအတွက် သတ်မှတ်တန်ချိန် ကျော်လွန်မှုမရှိစေရန် တိုးလ်ဂိတ်ရှိ ကတ္တားပေါ်၌ ချိန်တွယ်နေမှု၊ နေ့စဉ်ကောက်ခံရရှိသည့် မော်တော်ယာဉ်ဖြတ်သန်းခများအား စနစ်တကျစာရင်းပြုစုထားမှု၊ တိုးလ်ဂိတ်အဆောက်အအုံနှင့် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြောင့် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ လမ်းပိုင်းအချို့နှင့် တံတားအချို့ပျက်စီးခဲ့ရာ ၂၀၂၆ ခုနှစ် မတ်တွင် ပြီးစီးအောင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင်ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးနှင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် တံတားအချို့ကို ယာယီအစီအစဉ်ဖြင့် ဖြတ်သန်းသွားလာနိုင်ရေး ဆောင်ရွက်ပေးထားကြောင်း၊ ထို့ကြောင့် ကုန်တင်ယာဉ်များနှင့် ခရီးသည် တင်ယာဉ်များသည် သတ်မှတ်တန်ချိန်များဖြင့် ဖြတ်သန်းသွားနိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ တိုးလ်ဂိတ်ရှိ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအနေဖြင့် ခရီးသွားပြည်သူများ အပါအဝင် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ၏ တာဝန်ရှိသူများအား နားလည်သဘောပေါက်စေရန် လက်ကမ်းစာစောင်များဖြန့်ဝေ၍ အသိပညာပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ခရီးသွားပြည်သူများ ဘေးကင်းစွာသွားလာနိုင်မည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ၁၁၅ မိုင်(ဖြူး) တိုးလ်ဂိတ်တွင် လမ်းအသုံးပြုခကောက်ခံနေမှုနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန်လိုအပ်သည့် အချက်များကိုမှာကြားကာ အမြန်လမ်းမကြီး တစ်လျှောက်လမ်းပြုပြင်ထိန်းသိမ်းနေမှု၊ ကွန်ကရစ်လမ်းခြင်းလုပ်ငန်းနှင့် ကတ္တရာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၆၅/၁-၁၆၅/၃)ကြားရှိ ဆွာချောင်းတံတား (အပြန်) တည်ဆောက်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ရောက်ရှိရာ တံတားအထူးအဖွဲ့တာဝန်ခံက ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက သတ်မှတ်ကာလအတွင်း အရည်အသွေးကောင်းမွန်စွာဖြင့် ပြီးစီးအောင်ဆောင်ရွက်သွားရန်မှာကြားပြီး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။